Unicode
🖤Theories of LOVE❤️
🖤Season-3❤️
🖤A Million Dreams-19❤️
🖤 အေးတယ်ဟေ့ အထဲမြန်မြန်ဝင်.....
ဆိုင်ကယ်ရပ်လိုက်တာနဲ့ ကိုယ်ကတော့စိုးရိမ်တကြီးပြောပြီး သူ့လက်လေးဆွဲပြေးအိမ်ထဲဝင်မယ်ပေါ့။ သူကတော့ ကိုယ့်ဝင်တိုက်ပြီး ရှေ့ကနေပြေးသွားတာ လူကတစ်ပတ်လည်ပြီး ကျန်ခဲ့လေရဲ့။ တော်တော်ဆိုးတဲ့ သူပုန်ကောင် ....
ဒီကောင်လေးတော့ မှတ်လောက်သားလောက်ဖြစ်အောင် စပစ်နောက်ပစ်ဦးမှပဲဆိုပြီး အိမ်ထဲမဝင်သေးပဲ စိတ်ကောက်ချင်ဟန်ဆောင်နေလိုက်သည်။ အခုတလော ညဘက်တွေဆို လေကနည်းနည်းအေးချင်တယ်လေ။ ဆိုင်ကယ်စီးလာတော့အေးတာက ပိုဆိုးတာပေါ့။ ခုလဲ သူဘယ်ချိန်လာခေါ်မလဲစောင့်ရင်း ခြံထဲဟိုနားမတ်တပ် ဒီနားမတ်တပ်နဲ့ ညောင်းတောင်ညောင်းလာပြီ။
ဟော မျှော်နေတုံး အိမ်ထဲကနေ ယုန်ဖြူကြီးထွက်လာပါပြီ။ အံမယ်သူကတော့ Hoodie တွေဘာတွေလဲတောင်ဝတ်ပြီးပြီပေါ့။ သူ့ကြည့်ပြီး စိတ်ကဘာရယ်မဟုတ် ပိစိလေး မကောင်းဖြစ်ရသည်။ ကလေးမဟုတ် သူငယ်မဟုတ် သူဂရုစိုက်တာခံချင်တာလေ။ စိတ်ရှိတိုင်းသာဆို ငါ့ကျပစ်ထားတယ်ဆိုပြီး အော်ပစ်လိုက်ချင်တာပဲ အလကား ကောင်စုတ်လေး။
အဲ လူကိုလက်ယပ်ခေါ်နေသေး လာတဲ့ ဒါမျိုးဘယ်ရမလဲ အနားလာပြီးမခေါ်မချင်း ဆောရီးပဲ သူပုန်ကောင်။ မမြင်ချင်ယောင်ဆောင်ပြီး ဒန်းပေါ်သွားထိုင်နေတော့ အော်သံစူးစူးလေးထွက်လာပြီ။
❤️ ကောက်ညှင်းငချိတ်သည်ကြီး လာပါဦး
ဒီကောင်တော့ ရူးနေတာထင်တယ် ညကြီးမိုးချုပ် မုန့်သည်မရှိတဲ့နေရာမှာများ ကောက်ညှင်းငချိတ်သည် အော်ခေါ်နေသေးတယ်။
❤️ ဟို ကောက်ညှင်းငချိတ်ကြီး လာပါဦးဆို
အင် ဘာလဲ ငါ့ပြောနေတာလား။ ကိုယ့်ဟာကိုယ်လက်ညှိုးထိုးပြတော့ ခေါင်းညိတ်ပြတာများ ပြုတ်ထွက်မတတ်ပဲ။
🖤 ဘာ ငါ့ကို ကောက်ညှင်းငချိတ်လဲ မလာဘူး
❤️ ဟုတ်တယ်လေ မီးသွေးခဲက ကောက်နေတော့ ကောက်ညှင်းငချိတ်ပေါ့
ESTÁS LEYENDO
🖤Theories of LOVE♥ 🖤Season-3♥ Final chapters
FanficFinal Chapters (သို့) ချစ်ခြင်းနိဗ္ဗာန်သို့သွားရာလမ်း