🖤Part-5♥

1K 148 58
                                    

🖤Theories of LOVE♥

🖤Season-3♥

🖤Summer Love♥

🖤Part-5♥

အမှတ်တရဆိုတာ နှလုံးသားရဲ့ထာဝရ ရတနာတဲ့....

အမှတ်တရတိုင်းဟာ ပျော်စရာတွေဖြစ်မနေနိုင်ပေမဲ့ ရင်ထဲမှာထင်ကျန်နေရင်တော့ မမေ့ပစ်ဖို့ထိုက်တန်တာပဲမဟုတ်လား....

🖤♥🖤♥

လောကမှာ နောက်ကျခြင်းတွေဟာ ကောင်းတာလား မကောင်းတာလား???

တချို့နောက်ကျခြင်းတွေဟာ အရာအားလုံးကိုဆုံးရှုံးသွားနိုင်စေပေမဲ့ တချို့နောက်ကျခြင်းတွေဟာတော့ အသစ်တဖန်ပြန်စတင်ဖို့အခွင့်ကောင်းနဲ့ ကွက်တိကြုံလာတတ်တာမျိုးလား...

လက်ထဲကစာနဲ့ ဖုန်းထဲကပုံရိပ်တွေကိုကြည့်ရင်း ဆောက်တည်ရာမရအောင် အပြစ်တင်ခြင်းတွေနဲ့ ကျွန်တော်ယူကြုံးမရဖြစ်နေပါပြီ။

တစိုးတစိတောင်မနာကျင်စေချင်တဲ့စိတ်ဟာ အတ္တဆိုသော နာမည်ကြီးနဲ့ ကျွန်တော့်နှလုံးသားကိုနင်းခြေနေတာကို အခုခံစားနေရပြီလေ။

ဒီစာအိတ်လေးဟာ ကိုကို့ရဲ့အမေမသေခင် နောက်ဆုံးအနေနဲ့ ကိုကို့ဆီပို့ပေးသွားခဲ့တဲ့ စာအိတ်ပါ။

သူမရဲ့ရှေ့နေက ဖေဖေ့ဆီပို့ပေးတော့ ဖေဖေက ကျွန်တော့်ကိုအရင်အသိပေးခဲ့တာမို့ ကျွန်တော်ခုလိုသိမ်းခိုင်းထားခဲ့တာပါ။

ဖေဖေကလဲ ကိုကိုစိတ်ထိခိုက်မှာကြောင့် ကျွန်တော့်ကိုအရင်အသိပေးခဲ့သလို ကျွန်တော်ကလဲ ငြိမ်သက်နေတဲ့ကိုကို့ဒဏ်ရာကို ပြန်ပြီးမနာကျင်စေဖို့ဆိုတဲ့စိတ်နဲ့ သူ့ကိုအသိမပေးခဲ့မိတာပါ။

သူမကြောင့် ကိုကိုသေလုမျောပါးအခြေအနေကနေ ကံကောင်းလို့လွတ်ခဲ့တာလေ။

သူမကြောင့် ကျွန်တော်တို့ဘဝတွေ တစ်စစီစုတ်ပြတ်နာကျင်ခံစားခဲ့ရတာလေ။

ဥပေက္ခာ ပြုထားတဲ့နောက်ပိုင်းမှာ အဟောင်းတွေအသစ်မဖြစ်စေချင်တော့တာကလဲ တစ်ခုအပါအဝင်ပေါ့။

အခုတော့ ဝမ်းနည်းဝမ်းသာ နာကျင်မှုပေါင်းစုံနဲ့ ကျွန်တော်ခေါင်းတောင်မထူနိုင်တော့အောင် ခံစားနေရပါပြီ။

🖤Theories of LOVE♥ 🖤Season-3♥ Final chaptersWhere stories live. Discover now