🖤Theories of LOVE♥ (Unicode)
🖤Season-3♥
🖤Summer Love♥
🖤Part-9♥
ဒီကမ္ဘာမှာ အလှဆုံးအရာက ဘာလဲ???
ကျွန်တော့်အတွက်ကတော့.....
🖤♥🖤♥
တောင့်တင်းနေတဲ့ ခန္ဓာကိုယ်က အကြောတွေကို ဆန့်ထုတ်ပစ်ချင်ပေမဲ့ နာကျင်မှုဒဏ်နဲ့ ရင်ခွင်ထဲမှာအိပ်ပျော်နေတဲ့ babyကြောင့် တစ်စက်လေးတောင်မလှုပ်မိ...
စိတ်ချယုံကြည်စွာအိပ်ပျော်နေတဲ့သူ့ကို နိုးလာတဲ့အခါ အပြုံးတွေနဲ့နိုးထစေချင်သည်....
သူအိပ်ပျော်နေချိန်မှာ ပြုံးနေပေးပါဆိုတဲ့စကားလေးအတိုင်း သူဆိုတဲ့ဖြစ်တည်မှုလေးကို မြတ်မြတ်နိုးနိုးလေးပြုံးကြည့်နေရတဲ့ဘဝကိုက ကြည်နူးရခြင်းတစ်မျိုးပါပဲ....
🖤 အိပ်မက်ထဲမှာပါ ပြုံးနေပါ baby ရေ.....
ကိုယ့်အပြုံးတွေသူ့ဆီကူးစက်သေရန်အလို့ဌာ သူ့နှုတ်ခမ်းလေးကို ငုံ့နမ်းနေတုံး ဘောင်းဘီအိတ်ထဲ ထိုးထည့်ထားတဲ့ ဖုန်းကvibration ကြောင့် တုန်ခါလာသည်....
Baby နိုးမှာစိုးလို့ အမြန်ထုတ်ကိုင်လိုက်တော့ ဖေဖေ့အသံကိုကြားရသည်...
"သားကြီး....သားငယ်အခြေအနေ ဘယ်လိုနေသေးလဲ"
🖤 အခြေအနေကောင်းပါတယ်ဖေဖေ....အခုတော့ နာတဲ့အရှိန်နဲ့ပင်ပန်းလို့ အိပ်ပျော်နေတယ်....
ဖေဖေတို့ရော အိမ်ရောက်ကြပြီလား...
"အေး အခုလေးတင်ရောက်တာပဲ.. "
ဖေဖေပြောမှ နံရံကနာရီလှမ်းကြည့်တော့ နေ့လည်၂နာရီတောင်ထိုးနေပြီပဲ....
🖤ဟိုလေ ဖေဖေ သားတစ်ခုပြောချင်လို့...
Baby ကပြောတယ် သူကလေးတွေကိုခုလိုပုံစံကြီးနဲ့ မတွေ့ချင်သေးဘူးတဲ့..အဲ့ဒါ ဒီနေ့တော့ မလာပါနဲ့ဦး ဖေဖေ နော်....
ကျွန်တော်ပြောတော့ ဖေဖေ့ရဲ့သက်ပြင်းချသံသဲ့သဲ့ကို ကြားရသည်...
" အင်း ဖေဖေ နားလည်ပါတယ်.... ငါ့သားလေး ငါ့သားလေး....သားသမီးတွေကိုချစ်တတ်ပုံကတော့ကွာ.....
VOCÊ ESTÁ LENDO
🖤Theories of LOVE♥ 🖤Season-3♥ Final chapters
FanficFinal Chapters (သို့) ချစ်ခြင်းနိဗ္ဗာန်သို့သွားရာလမ်း