(Unicode)
🖤Theories of LOVE❤️
🖤Season-3❤️
🖤Coffee Love-4❤️
ကံကိုယုံပြီး ဆူးပုံတော့မနင်းခဲ့ပါဘူး
ကော်ဖီခါးခါးတစ်ခွက်ဆီပဲ ငါ့ခံစားချက်တွေရက်ရက်ရောရော ပုံအပ်ခဲ့ပါတယ်
ချိုမြိန်ခြင်းလမ်းစတော့ ထာဝရပျောက်ခဲ့ပြီပေါ့..☕️.
🖤❤️🖤❤️
မနက်ခင်းတစ်ခုတော့ နေအလင်းနဲ့အတူ အစပြုခဲ့ပြန်ပြီ။
ဖြာကျနေတဲ့ နေရောင်အောက်က ရွက်ကြွေတွေပေါ် ကျွန်မနင်းဖြတ်ရင်း လမ်းပျောက်နေသလိုခံစားချက်နဲ့ လျှောက်လာမိသည်။
ဘဝမှာ ဒုတိယအကြိမ် ကျွန်မအတွက်ထူးဆန်းစေတယ်ဆိုတဲ့ ခံစားချက်ကိုရစေတဲ့ ယောကျာ်းတစ်ယောက်နဲ့ ထပ်တွေ့ရပြန်ပြီလေ။
ပထမတခါကတော့ မတတ်နိုင်စွာဖြင့်ပဲ အချစ်ဆိုတဲ့ခံစားချက်ကို ရင်နဲ့အမျှခံယူပြီး အဲ့လူက်ိုချစ်တယ်လို့ ပြောခဲ့မိတာပါ။
တစ်ယောက်တည်းရှင်သန်လာခဲ့တဲ့သက်တမ်းတစ်လျှောက်မှာ ရည်းစားတွေထားပြီးပြတ်ခဲ့ဖူးပေမဲ့ အဲ့လူတစ်ယောက်ကိုသာ ကိုယ့်ဘက်ကစပြီး ချစ်တယ်လို့ဖွင့်ဟခဲ့မိတာ ဝန်ခံခဲ့မိတာပါ။
ဘယ်သူဘယ်ဝါရယ်ကျွန်မ သေချာမသိ နောက်ကြောင်းမသိပေမဲ့ နာကျင်ရိပ်တွေပြည့်နေတဲ့ သူ့မျက်ဝန်းတွေက ကျွန်မကိုချစ်မိသွားစေတာဆိုရင် ဘယ်သူကယုံနိုင်မှာလဲ။
အဲ့တစ်ညနေကပေါ့ အဲ့တစ်ညနေကစခဲ့တဲ့ ဇာတ်လမ်းပေါ့...
ကျွီ.....
ကားဘရိတ်အုပ်သံ ခပ်ကျယ်ကျယ်ကြောင့် ကျွန်မအတွေးတွေတောင် ဘယ်ကိုလွင့်ပျံကုန်သလဲမသိ....
ဘေးလာထိုးရပ်လိုက်တဲ့ကားရဲ့ ပွင့်လာတဲ့မှန်ကနေ မြင်လိုက်ရတာက မနေ့က ကျွန်မရဲ့ Favourite coffeeကို မှန်းနိုင်ခဲ့တဲ့ ကောင်လေး
အားနည်းချက်ရှာတာလဲ တော်တယ်လို့ သူ့ကိုယ်သူအမွှမ်းတင်သွားတဲ့ ကောင်လေး...
❤️ Liz တက်လေ သင်တန်းသွားမှာပဲမှတ်လား
တစ်ချက်ခပ်စူးစူးကြည့်လိုက်မိပေမဲ့ သူ့ပုံစံက အဖြူရောင်သက်သက်ပဲမို့ ကားပေါ်တက်ထိုင်လိုက်သည်။
YOU ARE READING
🖤Theories of LOVE♥ 🖤Season-3♥ Final chapters
FanfictionFinal Chapters (သို့) ချစ်ခြင်းနိဗ္ဗာန်သို့သွားရာလမ်း