🖤Chromatophilia-5❤️

1K 134 189
                                    

Unicode

🖤Theories of LOVE❤️

🖤Season-3❤️

🖤Chromatophilia-5❤️

နူးညံ့အိထွေးနေတဲ့ ကိုယ်လုံးကစ်ကစ်လေးတွေကို ယုယကြင်နာစွာထွေးပွေ့ရင်း သူနဲ့ကျွန်တော့်ရဲ့ခြေလှမ်းတွေညင်သာစွာဦးတည်နေတာက ကလေးတို့ရဲ့အခန်းဆီ။

သမီးငယ်ကိုကျွန်တော် သူကတော့ သားကြီးကို ပွေ့ပိုက်ရင်း အိပ်ရာပေါ်ညင်သာစွာချပေးလိုက်တော့ အဖေတူသားသမီးများဟာ လှုပ်တောင်မလှုပ်။

❤️ Goodnight ပါ ပါပါးအသည်းတို့ရေ...

သားနဲ့သမီးကို အိပ်ရာဝင်အနမ်းကိုယ်စီပေးရင်း ဖေဖေနဲ့ထားခဲ့ကာ သူ့လက်ဆွဲပြီး အခန်းထဲဝင်လာခဲ့ကြသည်။

အခန်းထဲရောက်တာနဲ့ ကျွန်တော်က ကုတင်ပေါ်ပစ်လှဲချလိုက်တော့ သူကကျွန်တော့်ရင်ဘတ်ပေါ်ခေါင်းတင်ရင်း လှဲသည်။

🖤 က ရတာ မောသွားလား baby...

❤️ မောတာပေါ့ ဒါပေမဲ့ ပျော်တယ် ကိုကိုရော ပျော်တယ်မှတ်လား

ပက်လက်လှန်နေရာကနေ ရင်ဘတ်ပေါ်မှောက်ချလိုက်ပြီး မေးတော့ သူ့ပါးဖောင်းလေးကို အသည်းယားစွာဖြင့် ဆွဲညှစ်ပစ်လိုက်သည်။

🖤 ပျော်တာပေါ့ အသည်းတုံးအကြင်နာတုံးရဲ့ ကိုကိုပျော်လွန်းလို့ ငိုတောင်ငိုရတယ် သိရဲ့လား

❤️ ဟီးးးး ကိုကို့အတွက် baby အများကြီးတောင့်ခံခဲ့ရတာသိလား

ကိုကို မွေးနေ့ဆုတောင်းမျှော်နေမှာလဲသိတယ် စိတ်မကောင်းဖြစ်နေတာလဲသိတယ်

သိရက်နဲ့မသိချင်ယောင်ဆောင်ပြီး အဲ့လိုsurpriseလုပ်ပေးရတာ ရင်တွေလဲခုန်တယ် ကိုကို့ကိုလဲ အားနာတယ်

🖤 ကိုကိုကမှ အားနာရမှာလေ babyရယ် စိတ်ဆိုးခဲ့မိသေးတယ်မှတ်လား

ပြုံးပြတတ်တဲ့ babyမျက်ဝန်းလေးတွေဟာ ကျွန်တော့်ရင်ခုန်သံကို သက်တမ်းရှည်စေမဲ့ အားဆေးလေးပါပဲ။

❤️ မနေ့ညကလေ လက်စွပ်ကိုစိတ်တိုပြီးချွတ်သွားတော့ ဒီနေ့ဝတ်ထားမယ်လို့တွေးမထားဘူး ကိုကို အခု လက်စွပ်ကိုပုံမှန်တိုင်းပြန်ဝတ်ထားလို့ baby ပျော်တယ်

🖤Theories of LOVE♥ 🖤Season-3♥ Final chaptersWhere stories live. Discover now