🖤Freedom-15♥

1.1K 149 140
                                    

(Unicode)

🖤Theories of LOVE♥

🖤Season-3♥

🖤Freedom-15♥

ကျွန်တော့်ဘဝရဲ့ မတတ်နိုင်ခြင်းဘာသာဗေဒဟာ ခင်ဗျားအတွက်သီးသန့်ဖြစ်တည်ပါတယ် ကိုကို ♥

🖤♥🖤♥

တစ်ညလုံးသူ့ရင်ခွင်နဲ့ဝေးပြီး ဆိုဖာပေါ်ကွေးကွေးလေးအိပ်ခဲ့ရလို့လားမသိ နိုးလာတော့သက်တောင့်သက်သာရှိမနေပဲ တစ်ကိုယ်လုံးညောင်းနေပြီ။

မျက်လုံးတွေမဖွင့်သေးပဲ အညောင်းအညာပြေစေရန်အလို့ဌာ စိတ်လွတ်ကိုယ်လွတ် လက်တွေခြေထောက်တွေကိုဆန့်ထုတ်မိလိုက်တော့ လူက အော်ကိုယူရတော့တာပါပဲ။

♥ အမေရေ သေပြီ အား........

ရင်ဘတ်ကအောင့်နေတာကို သတိမထားမိပဲ အားရပါးရပျင်းကြောဆန့်မိတာကိုး။

ကိုယ့်ရင်ဘတ်ကိုပွတ်ပြီး အနာသက်သာအောင်လုပ်ဖို့ကျတော့လဲ အထိတောင်မခံနိုင်တာဆိုတော့လူက ကွေးကုပ်ပြီး စုတ်သပ်ညည်းညူရုံကလွဲလို့ဘာမှမတတ်နိုင်။

နာကျင်မှုဒဏ်နဲ့ညည်းနေမိတုံးမှာပဲ နှာခေါင်းထဲတိုးဝင်လာတဲ့ ပူရှိန်းရှိန်းဆေးနံ့လေးကြောင့် အင်္ကျီကိုအသာလေးဟပြီး အနံ့ခံကြည့်တော့ ကျွန်တော့်ရင်ဘတ်က ရတဲ့အနံ့ပဲ။

နာတာကျင်တာတွေဘယ်ပျောက်မှန်းမသိအောင်သဘောတွေကျလွန်းလို့ ရယ်သံတောင်မထိန်းနိုင်ပဲ ဟိ ခနဲ အသံထွက်သွားတော့ ပါးစပ်ကိုပိတ်ပြီး ကိုကို့ကို လှမ်းကြည့်ရသည်။

မနက်ဝေလီဝေလင်းအချိန်မို့ ကိုကိုကတော့ မနိုးသေး။

ဒီလူကြီး စိတ်ဆိုးတယ်ဆိုပြီး တိတ်တခိုးကြင်နာနေတာပေါ့လေ။

အဲ့လိုမှန်းသိ ညကအိပ်ချင်ယောင်ဆောင်နေပါတယ်ဗျာ။

ခြုံထားတဲ့စောင်ကိုဖယ်ပြီး ရေချိုးခန်းဝင်မျက်နှာသစ်သွားတိုက်ပြီးတော့မှ သူ့နားကိုအသာတိုးကပ်ပြီး သူ့မျက်နှာကို အားရပါးရတစိမ့်စိမ့်ထိုင်ကြည့်တော့သည်။

မနေ့ညကတော့ သူ့ကိုထိုင်ကြည့်နေလို့ဆိုပြီး လူကိုဆူသေးပြောသေးတာလေ။

🖤Theories of LOVE♥ 🖤Season-3♥ Final chaptersWhere stories live. Discover now