Unicode
🖤Theories of LOVE❤️
🖤Season-3❤️
🖤A Milllion Dreams -26❤️
ဒီနေ့က DNA စစ်ထားပြီးတာ ၆ ရက်မြောက်နေ့....
မနက်အစောကြီးတည်းက နိုးနေကြပြီး ပြန်အိပ်လို့လဲမရ အိပ်လဲမအိပ်ဖြစ်ကြ။
❤️ ကိုကို ဘာအဖြေပဲဖြစ်ဖြစ် အဆင်ပြေတယ်မှတ်လား
🖤 ပြေတာပေါ့ babyရယ် Nick ကတော့အဖြေကဘာဖြစ်ဖြစ် သူ့သားပဲတဲ့ ကိုကို့ကလေးဖြစ်နေရင်တောင်သူပဲမွေးတော့မှာတဲ့လေ
❤️ ကိုကိုတို့ချင်းအဆင်ပြေကြရင်ပြီးတာပါပဲ ဘယ်မေတ္တာရိပ်ဖြစ်ဖြစ် လုံးလုံးလေး လုံခြုံဖို့ ပျော်နေဖို့ပဲ အရေးကြီးတယ်
🖤 ဒါပေါ့ အဓိကက လုံးလုံးလေးစိတ်ချမ်းသာဖို့ပဲ သားနဲ့သမီးကတော့ သူတို့အကိုကို လွမ်းကျန်နေတော့မှာပဲ
❤️ ဒီနေ့တစ်ခါတည်း ပြန်မယ်တဲ့လား
🖤 အင်း ဆိုင်ကို ပစ်ထားရတာလဲ ကြာပြီလေ အဆင်ပြေသွားကြမှာပါ
ပါးဖောင်းကြီးထဲ နှာခေါင်းနှစ်ထားတော့ သူ့ဝင်လေထွက်လေ ငွေ့ငွေ့က ကျွန်တော့်လည်ပင်းသားကို လာထိခတ်နေသည်။
❤️ ထကြမယ်လေ နေမပူခင်စောစောသွားကြမယ်
အိပ်ရာထဲကနေ ထ မျက်နှာသစ်သွားတိုက်ရေမိုးချိုးကြပြီး အောက်ဆင်းလာတော့ သားနဲ့သမီး ဂျီနေတဲ့အသံကိုကြားရပြီ။
💛 တိုတို ပြန်ပါနဲ့ တားတားတို့ဆော့ဦးမှာရေ
🕊️ အေးရေ တိုတိုကရဲ ပြန်ပါနဲ့
"ကိုကို ခဏခဏ လာလည်မယ်လေ နော် ငိုနဲ့ လိမ္မာတယ်"
🐒 အေးလေ ခဏခဏလာမှာပါ အသည်းလေးတို့ရယ် ငိုရဘူး တိတ်တိတ်
လုံးလုံး ဘေးနားကပ်ပြီး တရှုံ့ရှုံ့နဲ့ငိုနေကြရာကနေ ကျွန်တော်တို့ကိုတွေ့တော့ နှစ်ယောက်သားပြေးလာကြပြီး အီတော့သည်။
💛 ဒီဒီ တိုတို့ကိုပြောပေး ပြန်နဲ့ရို့
🕊️ ပါပါးရဲ ပြောပေးပါ ပြန်နဲ့ရို့
❤️ ကိုကို့မှာက အိမ်ရှိတယ်လေ သူလဲသူ့အိမ်သူပြန်မှာပေါ့ကွာ ခဏခဏလာလည်မယ်လို့လဲ ပြောပြီးပြီလေ မီးတို့ရယ် ဆိုးရဘူးနော် ပါပါးအသည်းတွေက လိမ္မာရဲ့သားနဲ့
YOU ARE READING
🖤Theories of LOVE♥ 🖤Season-3♥ Final chapters
FanfictionFinal Chapters (သို့) ချစ်ခြင်းနိဗ္ဗာန်သို့သွားရာလမ်း