🖤Coffee Love-16❤️

787 120 92
                                    

Unicode

🖤Theories of LOVE❤️

🖤Season-3❤️

🖤Coffee Love-16❤️

အတိတ်ဆိုတာ အရိပ်လိုပဲ

ထပ်ချပ်မကွာ တည်မြဲခြင်းဖြင့်

ရင်နင့်စေတတ်သောပေါ့....

🖤❤️🖤❤️

ဖုန်းကိုလက်ထဲကချပြီးတာနဲ့ Liz ပြောခဲ့တဲ့စကားတွေကို ပြန်ကြားယောင်နေမိသည်။

ပထမဆုံး တိုက်မဲ့ကော်ဖီက တံတားပေါ်မှာတဲ့။

တံတားပေါ်ရောက်တဲ့အခါ သူ့ကိုဖုန်းခေါ်လိုက်ပါတဲ့ အဲ့တော့ အခုတည်းက ကိုယ့်မှာဘယ်နားရောက်နေမှန်းမသိတဲ့ Airpodကို ရှာဖို့ပြင်ရပြီလေ။

ရှာနေရင်းနဲ့ ဘာတွေဖြစ်လာမလဲဆိုတာကို စိတ်လှုပ်ရှားရသလို ကိုကိုနာကျင်မှာကိုလဲ စိုးမိပြန်သည်။

နာကျင်တာချင်းတူရင်တောင် ပိုသာအောင်ကဲ့ယူချင်တဲ့ ချစ်ခြင်းတွေကိုခံစားမိရပြန်တော့လဲ ကျွန်တော်တစ်ယောက်တည်း မျက်ရည်လည်ရပြန်ပြီ။

ရှာစရာရှိတာတွေ ရှာဖွေပြီး ရေချိုးခန်းထဲဝင်ကာ ရေချိုးရသည်။

ရေမိုးချိုး အဝတ်အစားလဲပြီးတော့ အချိန်က နေ့လည်၂နာရီကျော်နေပြီမို့ ခဏနေဆို ကိုကိုပြန်ရောက်လောက်ပြီ။

နှစ်ယောက်သား ကားလျှောက်မောင်းရင်း တံတားပေါ်ကနေဝင်ချိန်ကြည့်တယ်ဆိုတာက တကယ်တော့အပေါ်ယံသက်သက်ပါ။

သူကနေဝင်ချိန်ငေးနေချိန်မှာ ကျွန်တော်က ကျွန်တော်သိခွင့်မရခဲ့တဲ့ သူ့ရဲ့နာကျင်ခြင်းကို ငေးမောခံစားရတာမျိုးဖြစ်ဖို့က သေချာနေတယ်မဟုတ်လား။

အတွေးပေါင်းစုံနဲ့ စိတ်လှုပ်ရှားနေမိတာမို့ Lizဆီ ဖုန်းခေါ်လိုက်မိပြီ။

☕️ Hello

❤️ ငါမေးချင်တာရှိလို့ တံတားပေါ်ရောက်မှ နင်ဖုန်းခေါ်ရင် သူသိသွားမယ်လေ နင်ပြောတာနားထောင်ဖို့ Airpodပြင်ထားပေမဲ့ ငါကနင့်ကိုပြန်ပြောလို့မှ မရတာ

☕️အသေးစိတ်ကို တိကျနေပါရောလား Saintရယ် ပူမနေပါနဲ့ နင်ငါ့ကိုဘာမှပြန်ပြောစရာမလိုဘူး just listen Saint

🖤Theories of LOVE♥ 🖤Season-3♥ Final chaptersWhere stories live. Discover now