🖤A Million Dreams-1❤️

917 121 161
                                    

Unicode

🖤Theories of LOVE❤️

🖤Season-3❤️

🖤A Million Dreams-1❤️

🖤 ခုမှ အစပဲရှိသေးတာ baby အားတင်းထား ဒါမျိုးတွေ နောက်အများကြီး လာဦးမှာ

ပုခုံးဖက်ကာနှစ်သိမ့်ပေးနေတဲ့ ကိုကို့မျက်နှာကိုငေးကြည့်လိုက်စဥ်မှာပဲ ခြေထောက်နှစ်ချောင်းကို အတင်းဆွဲဖြဲပြီး ခြေထောက်ကြားထဲက ပြေးသွားတဲ့ သားကြောင့် သက်ပြင်းသာချလိုက်တော့သည်။

ဒီနေ့ကိုကိုနဲ့ကျွန်တော် သူတို့မောင်နှမလက်ကိုဆွဲလို့ ကျောင်းတွေတစ်ကျောင်းပြီးတစ်ကျောင်းလိုက်စုံစမ်းနေတာပါ။ တကယ်ကောင်းပေ့ဆိုတဲ့ English အတွက်ပါအခြေခံရစေမဲ့ကျောင်းမျိုးတွေပဲ လိုက်ကြည့်ပေမဲ့ Joy နဲ့ Smile ပညာပြမှုကြောင့် ဘယ်ကျောင်းမှစိတ်ထဲသူတို့နဲ့အဆင်ပြေမယ်လို့ကိုမခံစားရတော့တဲ့အထိ ဖြစ်နေပြီလေ။

" ပြန်လာတာ စောလှချည်လား ဘယ်လိုလဲ အခြေအနေ"

ဖေဖေကလှမ်းမေးတော့ စိတ်ပျက်လက်ပျက်နဲ့ ဆိုဖာပေါ်ထိုင်ချလိုက်တော့ ကိုကို့ရယ်သံက တခွိခွိ ကလေးနှစ်ကောင်ကလဲ တခစ်ခစ်နဲ့။

❤️ မရယ်နဲ့ တိတ်တိတ်နေကြ

🖤 အင်း မရယ်တော့ဘူးနော်

ကျွန်တော်စိတ်တိုတိုနဲ့ အော်တော့ သားအဖ၃ယောက် အသံတိတ်သွားပြီး ဖေဖေ့ရယ်သံက ကျယ်ကျယ်လောင်လောင်ထွက်ပေါ်လာသည်။

"ငါကြိုရယ်နေပြီ ငါ့သားတို့ရေ ပြောပြကြပါဦး ဒီနေ့ ဘာတွေဖြစ်လာကြသလဲဆိုတာ ဟားဟား"

❤️ အရင်မေးပါရစေဦး ဖေဖေရယ် သားလေ သားငယ််ငယ်တုံးက ကျောင်းစထားတော့  ဗရုတ်သုတ်ခတွေ လုပ်ခဲ့ဖူးလားဟင်

"မလုပ်ပါဘူး သားရယ်"

❤️ အဲ့ဒါလေ အဲ့ဒါပြောတာလေ

စိတ်လိုလက်ရနဲ့ ရှေ့ကစားပွဲကို ဖြန်းခနဲရိုက်ပြီးပြောမိတော့ ကိုကိုကလက်ကိုလာဆွဲပြီး ပွတ်ပေးနေတော့သည်။

🖤 စိတ်လျှော့ပါကွာ မင်းကလဲ ခုံနှစ်ခြမ်းကွဲသွားဦးမယ်

ကိုယ့်မှာတော့ စိတ်တိုလိုက်ရတာ သူကခုထိစလို့နောက်လို့ကောင်းတုံး။

🖤Theories of LOVE♥ 🖤Season-3♥ Final chaptersOù les histoires vivent. Découvrez maintenant