🖤Coffee Love-19❤️

863 110 139
                                    

Unicode

🖤Theories of LOVE❤️

🖤Season-3❤️

🖤Coffee Love-19❤️

တွဲလက်များလဲမြဲစေ ...

ယုံကြည်ခြင်းများလဲခိုင်မာစေ

ချစ်ခြင်းသည်လဲ မေတ္တာဖြင့်သာတွဲ၍ ရှင်သန်ပါစေ

ချစ်သောကမ္ဘာမြေရေ....🖤❤️☕️

🖤❤️🖤❤️

နူးညံ့သောလေပြည်ကြားမှာ တိမ်လွှာဂွမ်းစိုင်နှယ် သူ့လက်လေးတစ်ဖက်ကိုဆုပ်ကိုင်ရင်း လမ်းလျှောက်နေကြသည်။

ပတ်ဝန်းကျင်မှာလဲ ကျွန်တော်တို့နှယ် ချစ်ခင်ကြင်နာစွာဆုပ်ကိုင်ထားသောလက်အစုံတို့က ပြုံးရွှင်လို့။

🖤 ကိုကို့လက်ကို လုံးဝမလွှတ်ရဘူးနော် baby တစ်သက်လုံးစာလေ

❤️ သံသရာထက်ရှည်တဲ့နေရာရှိရင်တောင် အချစ်တွေနဲ့တူတူလိုက်ပါ့မယ်ဆိုမှ

စကားတတ်လှတဲ့ အချစ်ကလေးကို အသည်းတယားယားနဲ့ သူ့နှာခေါင်းလေးကို ကျွန်တော့်နှာဖျားနဲ့တိုးဝှေ့ကျီစယ်တော့ သူ့လက်ကလေးတွေက ကျွန်တော့်နှာခေါင်းကို အားပါလှစွာ ဆွဲညှစ်ထားလေသည်။

🖤 အင်းးးးးbaby ကလဲ မညှစ်နဲ့လေကွာ ကိုကို အသက်ရှူလို့မရတော့ဘူး

🍃🍃🍃🍃

ရယ်ချင်စိတ်ကိုမနည်းမျိုသိပ်ထားရင်း လူယုတ်မာလုပ်နေရတဲ့အခိုက်အတန့်က တော်တော်ကိုချိုတာပါ။

ကျွန်တော်သင်တန်းကနေ ပြန်မရောက်ခင်တည်းက အလုပ်ကနေ အစည်းအဝေးပြီးတာနဲ့ တန်းပြန်လာပြီး အိပ်နေတဲ့လူကြီးလေ။

ပင်ပန်းလို့အိပ်နေတာကို သိပေမဲ့ ကိုယ်ကချည်းအမြဲ အစခံနေရတာမို့ ခုလိုကြုံတောင့်ကြုံခဲ အခွင့်အရေးကို လုံးဝလက်လွှတ်မခံနိုင်ပါဘူး။

သင်တန်းမှာတည်းက Liz ဆီက ကျေးဇူးဆိုတဲ့စကားတစ်ခွန်းကြောင့် ကျွန်တော့်စိတ်ကပျော်နေမိတာလေ။

မုန်းရတာ နာကျင်ရတာ စတဲ့ ဘဝအမောတွေအများကြီးကြုံတွေ့ဖြတ်သန်းပြီးတဲ့ကာလမှာ နာကျင်စရာကြားကနေရတဲ့ ရှားရှားပါးပါး ပီတိမို့ ကျွန်တော်တန်ဖိုးထား ပျော်နေမိတာပါ။

🖤Theories of LOVE♥ 🖤Season-3♥ Final chaptersWhere stories live. Discover now