(Unicode)
🖤Theories of LOVE❤️
🖤 Season-3❤️
🖤 Coffee Love-1❤️
❤️ မျှော်လင့်ခြင်းဆိုတာ နာကျင်ခြင်းကို အဆုံးသတ်ထိ လက်မလွှတ်ခြင်းပဲတဲ့ ...
နာကျင်ခြင်းတွေချုပ်ငြိမ်းသွားတဲ့တနေ့မှာတော့မျှော်လင့်ခြင်းတွေ ဖြူပါစေ ကံတရားရေ....
ကော်ဖီဆိုတာ ငါ့အတွက်တော့ မျှော်လင့်ခြင်းပဲ
ခါးသီးသည်ဖြစ်စေ ချိုမြိန်သည်ဖြစ်စေ စွဲလမ်းနေရတဲ့ အညိုရင့်ရောင် မျှော်လင့်ခြင်းတွေပေါ့☕️☕️☕️🖤❤️🖤❤️
ဆုံးဖြတ်ချက်တွေခိုင်မာပြီးကတည်းက ကိုယ်ဆုပ်ကိုင်လိုက်တဲ့အရာက မျှော်လင့်ခြင်းတွေပါပဲ။
အဆိုးဆုံးတွေ ကြုံမလာစေဖို့ရယ် ကိုကို့ရင်ထဲက မှောင်မိုက်ခြင်းတွေကို အပြီးသတ်ချုပ်ငြိမ်းစေဖို့ရယ် အဲ့လို အဲ့လို မတန်တဆ ပြည့်နင့်နေတဲ့ မျှော်လင့်ခြင်းတွေနဲ့ လူက အသက်အသစ်ရှင်နေရသလိုမျိုးပါပဲ။
ကိုကို့ကိုနှုတ်ဆက်ထွက်လာပြီး ကားပေါ်စတက်မောင်းထွက်လာပြီးတည်းက လူက အလိုလိုပြုံးမိနေပြီ။
မပြောပဲသိနေတဲ့စိတ်က သူနဲ့ပတ်သတ်ရင် အကျင့်လိုကိုဖြစ်နေပါပြီ။
ကားကို ဟန်မပျက်ပဲ သင်တန်းရှေ့ထိမောင်းပြီးမှ ကားရပ်ပြီး ကားပေါ်ကဆင်းကာ ကိုယ့်ကားနောက်မလှမ်းမကမ်းမှာရပ်ထားတဲ့ ကားဆီဦးတည်သွားပြီး ရှေ့တည့်တည့်က ပိတ်ရပ်လိုက်သည်။
ပြီးတော့ လက်ညှိုးလေးကွေးလို့ ကားပေါ်ကလူကိုဆင်းခဲ့ဖို့ ခေါ်တော့ မချိုမချဥ်မျက်နှာနဲ့ ဆင်းလာတာက P'Mike....
❤️ P' ဘာဖြစ်လို့ ကျွန်တော့်နောက်ကလိုက်နေတာလဲ
တမင်တကာ မသိချင်ယောင်ဆောင်ပြီးမေးတော့ P'Mikeမျက်နှာက တကယ့်ကို အားနာဟန်က အထင်းသား
"ဟို သိသွားရင်လဲ အားနာပါတယ် အကိုလေး က သေချာလိုက်ကြည့်ခိုင်းလိုက်လို့ပါ"
❤️ ထင်သားပဲ ကိုကို အဲ့လိုလုပ်တော့မယ်ဆိုတာ လာ ကျွန်တော်နဲ့လိုက်ခဲ့....
YOU ARE READING
🖤Theories of LOVE♥ 🖤Season-3♥ Final chapters
FanfictionFinal Chapters (သို့) ချစ်ခြင်းနိဗ္ဗာန်သို့သွားရာလမ်း