(Unicode)
🖤Theories of LOVE❤️
🖤Season-3❤️
🖤Coffee Love-3❤️
ဆူးတွေကိုမှ မြတ်နိုးတတ်တာပါ
ခံစားချက်တွေထုတ်ချင်းပေါက်မှ ကော်ဖီတွေကပိုအရသာရှိတာမျိုးပေါ့......❤️☕️🖤❤️🖤❤️
Black coffeeကိုမှကြိုက်တာတဲ့လား
Black Black .......
ကျွီ........
ကားကိုဘရိတ်ဆောင့်အုပ်ရင်း မျက်စိစုံမှိတ်ကာ အသက်ဝအောင်ရှူနေရသည်။
ဘာမှမဖြစ်ဘူးလို့ အသိစိတ်ကပြောပေမဲ့ မသိစိတ်ကပေါက်နေတဲ့ နာကျင်ခြင်းအညှောင့်လေးက ရင်ထဲတော်တော်ဆူးနေပြီ။
သူမက ခုထိ ကိုကို့ကိုချစ်နေတုံးပဲဆိုတဲ့အသိက ကျွန်တော့်ရင်ထဲမှာ လေးလံဖိစီးနေတာလေ။
ဒီလိုခံစားတတ်နေပုံနဲ့ သူ့ဆီကနေ ကိုကို့အကြောင်းတွေဘယ်လိုလုပ်သိနိုင်မှာတဲ့လဲ။
Ring~~~~~~~~
ရုတ်တရက်မြည်လာတဲ့ ဖုန်းသံကြောင့် ကြည့်လိုက်တော့ ကိုကို့ဆီကဖုန်း....
စိတ်ကိုအတတ်နိုင်ဆုံးလျှော့ချပြီး လေသံကိုထိန်းဖို့ အသက်ခပ်ပြင်းပြင်းတစ်ခါထပ်ရှူပြီးမှ ဖုန်းကိုင်လိုက်သည်။
❤️ ပြောပါ ခင်ဗျ လူချောလေး Saint နားထောင်နေပါတယ်ခင်ဗျာ
🖤 ကိုကို့baby လေး သင်တန်းပြီးပြီပေါ့
❤️ဟုတ် ကိုကို ခုပြန်နေတာလေ
🖤အင်း အိမ်ပြန်ရောက်ရင် ထမင်းစားပြီးဆေးသောက်ဖို့မေ့နေမှာစိုးလို့ ဖုန်းလှမ်းဆက်တာပါ
❤️ သတိရလို့ မဟုတ်ဘူးပေါ့
🖤 အော်ဗျာ ခင်ဗျားလေး ပါးစပ်ကလဲ ပြောတတ်လိုက်တာ ချစ်စရာ ဒီသူပုန်လေးပဲရှိတဲ့ဟာကို သတိမရပဲနေမလား
သတိရလွန်းလို့ အနားကတောင်မခွာချင်ဘူး
မဖြစ်သေးပါဘူး နောက်ရက်ကိုကိုပါ သင်တန်းလိုက်တက်မယ်
❤️ အမလေး ရပါပြီဗျာ ပိုကိုပိုတယ်
🖤သက်သေပြမယ်ဆိုတော့လဲ လူကို အပိုတဲ့ အေးပါ ညနေပြန်လာမှ ပိုလား မပိုလား သက်သေပြမယ်
YOU ARE READING
🖤Theories of LOVE♥ 🖤Season-3♥ Final chapters
FanfictionFinal Chapters (သို့) ချစ်ခြင်းနိဗ္ဗာန်သို့သွားရာလမ်း