🖤Freedom-5♥

993 145 123
                                    

(Unicode)

🖤Theories of LOVE♥

🖤Season -3♥

🖤Freedom-5♥

🌜 Everyone is a moon, and has a dark side which he never shows to anybody.🌛
..............Mark Twain...............

🖤♥🖤♥

မွန်းကြပ်ပိတ်သိပ်နေသော အမှောင်ထဲကို ကျွန်တော်ရောက်နေပြန်ပြီ....

မှိန်ဖျဖျ နီကျင်ကျင်အလင်းကြားမှာ ဦးတည်ရာမဲ့လမ်းလျှောက်နေရင်း ဘေးဘက်မှာမြင်နေရတဲ့ ကျွန်တော့်ရဲ့ပုံရိပ်တွေကို မထူးဆန်းသလိုပဲ ငေးကြည့်နေမိသည်....

ပြောရရင် လောကကြီးမှာ ကျွန်တော့်ဟာကျွန်တော်တောင် ပြန်မမြင်ချင်တဲ့ ကျွန်တော့်ရဲ့ dark sideတွေပေါ့....

လက်တွေ့မကျူးလွန်ပဲ စိတ်နဲ့ပဲရည်စူးပြစ်မှားဖူးတဲ့ အတွေးပုံရိပ်တွေပေါ့....

ဆေးလိပ်ခိုးသောက်တာကို အရိုက်ခံရဖူးလို့ စိတ်ထဲကနေ ဖေဖေ့ကို ဒေါသတကြီးနဲ့ ပြောမိတဲ့စိတ်ကူးမျိုး....

လူလိမ္မာလေးပါလို့ပတ်ဝန်းကျင်မှာ ပြုံးပြနေပေမဲ့ စိတ်ထဲက ပျစ်ပျစ်နှစ်နှစ်ဆဲနေမိတဲ့အခါမျိုး....

အသိစိတ်နဲ့ထိန်းကွပ်ပေမဲ့ အတ္တတွေပိုအားကောင်းဖို့ မသိစိတ်က မီးထိုးပေးနေမိတဲ့အခါမျိုး....

ကောင်းအောင်နေမယ်လို့ စိတ်ထဲကကြီးကြီးကျယ်ကျယ် ခမ်းခမ်းနားနားတွေးပြီး တကယ်တမ်းကျ သာမန်အပေါစားအတွေးမျိုးတွေနဲ့ ကိုယ့်တန်ဖိုးကို ချမိတဲ့အခါမျိုး.....

ငါဘာမှမလိုချင်ဘူးလို့ လူတကာကိုပြောနေတတ်ပေမဲ့ တခါတလေ တလောကလုံးမှာ အလိုဆန္ဒတွေအဆုံးမသတ်နိုင်သူဟာ ကိုယ်ပဲ ဖြစ်နေတာပါလားလို့ ခံစားမိတဲ့အခါမျိုး....

ငါခံစားရတာကမှတကယ့်အကြီးကြီးဆိုပြီး ဝမ်းနည်းခြင်းကို depression နာမည်ပြောင်းတပ်ပြီး သနားဂရုဏာခံချင်တဲ့ ရံဖန်ရံခါမျိုး.....

အဲ့လို ရံဖန်ရံခါ ဖြစ်နေတဲ့ dark side တွေကို ကိုကိုတောင်မသိဘူးလေ....

လူတိုင်း မပြည့်စုံဘူးဆိုတဲ့အသိလေးကို coverယူပြီး သူ့ကို ကျွန်တော့်ဘဝထက်ပိုချစ်မိတဲ့ ခပ်ညံ့ညံ့လူသား.ကျွန်တော်ရယ်ပါ.....

🖤Theories of LOVE♥ 🖤Season-3♥ Final chaptersWhere stories live. Discover now