🖤Freedom -8♥

984 124 101
                                    


(Unicode)

🖤Theories of LOVE♥

🖤Season-3♥

🖤Freedom-8♥

လက်လွှတ်နိုင်ဖို့ နာကျင်ခြင်းနဲ့အနီးဆုံးအရပ်ဒေသကို ငါလာခဲ့မယ်....

ပြီးရင်တော့ ငါ့နှုတ်ခမ်းတွေပေါ်က ကျိန်စာတွေကို ပယ်ဖျက်ပေးပါ....

ငါ့အပြုံးတွေက ကခုန်ချင်နေပြီလေ....

🖤♥🖤♥

P' ပြန်သွားပြီးသည်အထိ အတော်ကြာကြာ ကျွန်တော်ထိုင်ရာကနေမထပဲ ကောင်းကင်ကြီးကို မော့ငေးနေမိသည်....

လွတ်​မြောက်ချင်ရင် လက်လွှတ်ရမယ်တဲ့....

နာကျင်ရခြင်းတရားဟာ ကျွန်တော်နဲ့မှအလွမ်းသင့်နေလေသလား...

ပျော်ရွှင်ခြင်းတွေနဲ့ လမ်းလွဲခဲ့လေသမျှက အခုတော့ ဘယ်ကစလို့ဘာကိုလက်လွှတ်ရမယ်မသိအောင် လမ်းပျောက်နေပြီ.....

လက်လွှတ်ရမဲ့အရာတွေအများကြီးကို ဖက်တွယ်ထားမိလို့နေမှာပါ.....

🖤baby.....

ကျွန်တော့်ခေါင်းကိုအုပ်မိုးလာတဲ့ လက်တစ်ဖက်နဲ့ခေါ်သံတစ်ခုကြောင့် သူ့ခါးကိုခပ်တင်းတင်းဖက်ရင်း သူ့ဗိုက်ပေါ်မျက်နှာအပ်ထားလိုက်မိသည်....

♥ ကိုကို.......

🖤 အဆင်ပြေတယ်မှတ်လား ဟင်....

♥ပြေပါတယ် ကိုကို......ပြေသွားမှာပါ....

ကျွန်တော့်ဆံပင်တွေကြားထဲ တိုးဝင်ရွေ့လျားနေတဲ့ ကိုကို့ရဲ့လက်ချောင်းတွေကိုဖမ်းဆွဲရင်း သူ့လက်ဖဝါးထဲ ကျွန်တော့်နှာခေါင်းနှစ်ထားလိုက်တော့ ကိုကို့ရဲ့အံ့သြတကြီးလေသံလေး ထွက်လာသည်....

🖤baby ဘာဖြစ်လို့လဲဟင်....

♥ ကိုကိုပြောဖူးတယ်လေ.....အလင်းရောင်ကို ကိုကို့အရိပ်ထဲကပဲရှာပါဆို....

P'က ပြောသွားတယ် ကိုကို...
လွတ်မြောက်ချင်ရင် လက်လွှတ်ပါတဲ့....

ဒါပေမဲ့ baby လေ ဘယ်ခံစားချက်ကိုစပြီး လက်လွှတ်ရမလဲမသိဘူး ကိုကို....

🖤 ကိုကိုရှိတယ်လေ babyရယ်.....baby ဘာပဲလုပ်ချင်လုပ်ချင် ကိုကိုကဘေးကနေအကုန်ဖြစ်အောင်လုပ်ပေးမှာမို့လို့ စိတ်အရမ်းမပူပါနဲ့ ကလေးလေးရယ် နော်.....

🖤Theories of LOVE♥ 🖤Season-3♥ Final chaptersWhere stories live. Discover now