Unicode
🖤Theories of LOVE❤️
🖤Season-3❤️
🖤Chromatophilia-10❤️
မြက်ခင်းပြင်ကိုခြေထောက်နဲ့ရှပ်တိုက်ထိုးဆွရင်း လည်တဆန့်ဆန့်နဲ့ မျှော်နေရတာက ဆေးရုံရဲ့ပန်းခြံထဲမှာ။
ဒီညလာအိပ်ဖို့ခေါ်ထားတာမို့ မျက်စိအောက်ကတောင်အပျောက်မခံချင်စိတ်နဲ့ ခုလိုလာထိုင်စောင့်နေတာလေ။
ကိုကိုကလဲဘေးမှာထိုင်ရင်း ကျွန်တော့်လက်ဖဝါးကိုဆုပ်ကိုင်ကာ အားအင်နဲ့နွေးထွေးခြင်းတွေပေးသည်။ ထိုင်နေရာခုံတန်းပေါ်ကရွက်ဟောင်းတွေကလဲ ကျွန်တော်တို့ပေါ်သို့ကြွေကျသည်။ သိပ်လှပတဲ့ နွေဦးညနေဆည်းဆာတွေကို ဘယ်နှစ်ကြိမ်ဘယ်နှစ်ခါ နှစ်ဘယ်လောက်ကြာကြာထိ သူနဲ့တူတူဖြတ်သန်းခွင့်ရမလဲ။
ကလေးတွေထိုင်စောင့်ရင်း အတွေးတွေလျှောက်သမျှ နောက်ကလိုက်ရတာလဲ လွယ်မနေ။ ရင်ခွင်ထဲထားသမျှခံစားချက်တွေက ပြင်ပလောကကို ခုန်ပေါက်ထွက်တဲ့အခါ အလိုက်သင့်မျောပါသွားချင်ရုံလေးပါပဲ။
🖤 baby အရမ်းစိတ်ပူမနေရဘူးနော် နက်ဖြန် RHCလဲရှိတယ်ဆိုတာ သိတယ်မှတ်လား
ဘေးကနေ တိုးဖွဖွသတိပေးလာတဲ့ကိုကို့အသံကြားတော့ မဆိုင်းမတွပဲ ခေါင်းညိတ်ပြလိုက်သည်။
❤️baby သိပါတယ် ကိုကိုရဲ့ ကိုကိုသာ baby ကိုစိတ်မပူပဲ ကလေးတွေအနားမှာနေပေး
🖤 အဲ့အချိန်လေးတော့ baby နားမှာရှိနေချင်တယ် လေ
သူ့နှုတ်ဖျားကထွက်ကျလာတဲ့ဒီစကားဟာ ကျွန်တော်မှတစ်ပါးဘာကိုမှမကြည့်ဘူးဆိုတဲ့သဘောဟုတ်မနေတာ သိပေမဲ့ တားမြစ်ရပါဦးမည်။ ကလေးတွေကပိုအရေးကြီးတယ်မဟုတ်လား။
❤️ ကိုကိုရယ် ကလေးတွေက အဓိကလေ baby က ကိုကိုမပါပဲနဲ့ တစ်ယောက်တည်းတောင် RHCလုပ်ခဲ့ဖူးတာပဲဟာ ဘာမှမပူနဲ့
🖤 အင်း baby ပြောတာလဲဟုတ်ပါတယ်လေ စိတ်ချပါ ကိုကိုသားနဲ့သမီးဘေးမှာရှိနေမှာမို့ baby က RHC ကောင်းကောင်းလုပ်ခဲ့ နော်
❤️ ချစ်လိုက်တာကလေးတို့အဖေကို အဲ့ဒါတွေကြောင့် ချစ်သထက်ချစ်ရတာ
YOU ARE READING
🖤Theories of LOVE♥ 🖤Season-3♥ Final chapters
FanfictionFinal Chapters (သို့) ချစ်ခြင်းနိဗ္ဗာန်သို့သွားရာလမ်း