Unicode
🖤Theories of LOVE❤️
🖤Season-3❤️
🖤A Million Dreams-7❤️
အေးစက်နေတဲ့ အခန်းထဲမှာ ကိုယ့်ရင်ဘတ်ကို မှီထားတဲ့ ခေါင်းလုံးလုံးလေးတွေဆီကရနံ့သင်းသင်းလေးကိုရှူရှိုက်ရင်း သူတို့နဲ့တူတူ ကာတွန်းကားထိုင်ကြည့်ဖြစ်နေတာ ကြာပြီ။
ဖန်သားပြင်ထဲက လှုပ်ရှားနေတဲ့ပုံရိပ်ကိုကြည့်နေရင်း လူကညောင်းညာလာသလို ခြေမထိပ်ကလဲ တဆစ်ဆစ်နာကျင်ခြင်းက တိုးလာသလိုလို....
ပုစိပေါက်စ၂ကောင်ကတော့ သူတို့ပါးလုံးလုံးကြီးတွေကို ကျွန်တော့်နှလုံးသားထဲထိနစ်ဝင်အောင်များလုပ်နေကြသလားမသိ။ လူကို အားရပါးရခွဖက်ရင်း ပါးလုံးကြီးတွေကျွန်တော့်ရင်ဘတ်မှာနှစ်ကာ TV ကြည့်နေကြတာ ငြိမ်လို့။ ကိုယ့်မှာသာ သူတို့ကို စက္ကန့်နဲ့အမျှ အသည်းယားနေရလို့ အားရှိသမျှ ဖြစ်ညှစ်ပစ်ချင်စိတ်တွေကို မနည်းမျိုသိပ်ထားရတာပါ။
💛 ပါပါး
❤️ ဘာလဲ သားလေး ပြော
💛 တားတားကို ရေခဲမင်းတမီး ဝယ်ပေး
❤️ ဘာလဲ Elsaကို ပြောနေတာလား
သူတို့ကြည့်နေတာက Frozen ကာတွန်းမို့မေးတော့ ခေါင်းညိတ်ပြတာများ ပြုတ်ထွက်မတတ်....
❤️ သူ့ကိုဘာလုပ်ဖို့ လိုချင်တာလဲ သားရဲ့
💛 တူက ချစ်ဖို့ကောင်းရို့ ရေခဲတွေရဲရုပ်တတ်တယ် တားတားကြိုက်တယ်
❤️ ကဲ ပါပါးကဝယ်ပေးပါပြီတဲ့ သူနဲ့တွေ့ရင် ဘာလုပ်မှာလဲ ပြောပါဦး
💛 တူနဲ့တွေ့ရင် ရေခဲနန်းတော်ကြီးရီး ရုပ်ခိုင်းမယ် ပြီးရင် ဆော့မယ် တူနဲ့နေရင် တားတား အေးနေမှာ
ပူတဲ့ရာသီဥတုကို မုန်းတဲ့သားကြီးက သူ့အကြံသူ့အတွေးနဲ့သူတော့ ဟုတ်သား။
🕊️ ဟင့်အင်း ဝယ်ပေးနဲ့
စူထော်ထော်နှုတ်ခမ်းလေးနဲ့ ငြိမ်နေတဲ့သမီးငယ်ကဝင်ပြောလာတော့ သူ့သဘောထားကိုမေးရတော့မယ်လေ။
❤️ ပြောပါဦး ပါပါးအသည်းလေးက ဘာဖြစ်လို့ မဝယ်ခိုင်းတာလဲ
YOU ARE READING
🖤Theories of LOVE♥ 🖤Season-3♥ Final chapters
FanfictionFinal Chapters (သို့) ချစ်ခြင်းနိဗ္ဗာန်သို့သွားရာလမ်း