Unicode
🖤Theories of LOVE❤️
🖤Season-3❤️
🖤Blank heart ❤️
အေးစက်နာကျင်ခြင်းတွေသာ လွှမ်းခြုံထားသောရပ်ဝန်းတစ်ခု....
သွေးစက်စက်ကျနေတဲ့ သူ့လက်ကိုကြည့်ရင်း ကျွန်တော့်ရူးသွပ်ခြောက်ခြားမှုတွေနဲ့ အရာအားလုံးကိုဖုံးလွှမ်းပစ်လိုက်ချင်ပြီ။
ရုတ်တရက် လှည့်ထွက်သွားတဲ့ သူ့လက်ကိုလှမ်းဆုတ်ကိုင်မိတော့ ပုတ်ချခံလိုက်ရတာက ကျွန်တော့်ဘဝတစ်ခုလုံးပါပဲ။
❤️ ဘာလို့ တားနေတာလဲ မလိုအပ်ဘူးမှတ်လား
အေးစက်နေတဲ့စကားလုံးတွေရယ် အေးစက်နေတဲ့အကြည့်ရယ် သူ့ဆီမှာကျွန်တော်ရှာတွေ့သမျှဟာ ဗလာသက်သက်မျှသာ....
🖤 မဟုတ်ဘူးးးးး
သူ့လက်ကိုအတင်းအကြပ်မလွှတ်တမ်းဖမ်းဆုပ်ထားမိရင်း ကျွန်တော့်မှာဖြေရှင်းစရာ ဘာစကားမှထွက်ကျမလာတော့။
❤️ မထိနဲ့လို့ပြောနေတယ်လေ...
သွေးစက်လက်နဲ့ လက်တစ်ဖက်ဟာ ကျွန်တော့်ဆုပ်ကိုင်ခြင်းတွေကနေ ရုန်းထွက်နေရာကနေ ကျွန်တော့်ရင်ဘတ်နဲ့ ကပ်လိုက်မိချိန်မှာတော့ ထပ်မံရုန်းထွက်ခြင်းမရှိတော့။
ကျွန်တော့်ပါးစပ်ကနေ စကားတစ်ခွန်းမှထွက်မလာပေမဲ့ ကျွန်တော့်ရင်ထဲကတောင်းပန်တိုးလျှိုးခြင်းတွေက ကျွန်တော့်မျက်လုံးထဲကနေ ခုန်ပေါက်တိုးထွက်နေတာ သူမြင်နိုင်ပါ့မလား။
တောင်းပန်ပါတယ်ဆိုတဲ့စကားသာ အသံတိတ်အော်ရင်း ကျွန်တော့်ရင်ခုန်သံကို သူ့လက်နဲ့ဆက်ထားမိရင်း ကျွန်တော်ကြောက်နေမိပြီ။
❤️ သွားခွင့်ပြုလိုက်ပါလားဗျာ ဘာလို့ ခင်ဗျားဘေးမှာရှိနေရဦးမှာလဲ
မထားခဲ့ပါနဲ့လို့ အထပ်ထပ်အခါခါကတိတွေတောင်းခဲ့ဖူးတာကို သူမေ့သွားပြီလား။
ခေါင်းတစ်ခုလုံး ပြုတ်ထွက်မတတ်ခါယမ်းပြရင်း သူ့လက်ကိုပိုလို့သာတင်းကြပ်စွာဆုပ်ကိုင်ထားမိသည်။
❤️ ဘာကတိပဲရှိရှိမေ့လိုက်တော့ အခုလိုဆွဲထားလဲ အရာရာကခြားခဲ့ပြီပဲ
BINABASA MO ANG
🖤Theories of LOVE♥ 🖤Season-3♥ Final chapters
FanfictionFinal Chapters (သို့) ချစ်ခြင်းနိဗ္ဗာန်သို့သွားရာလမ်း