Unicode
🖤Theories of LOVE❤️
🖤Season-3❤️
🖤Always❤️
အေးစက်ခြင်းတွေက သွေးကြောတွေကို သရိုးကိုင်လိုက်သလို တောင့်တင်းနေတဲ့အသိစိတ်တွေနဲ့ စကားလုံးက နှုတ်ဖျားကနေ ထွက်ကို ကျမလာ။
ဘာစကားကိုဘယ်ကနေ စပြောရမယ်မသိတဲ့စိတ်ကို နေရာပြန်ချနေတုံးမှာပဲ ကျွန်တော့်ဘေးကနေ ဘာမှမဖြစ်သလိုပုံစံနဲ့ ထွက်သွားဖို့ သူမပြင်လေတော့ လက်ကိုအမိအရဖမ်းဆုပ်ထားလိုက်သည်။
❤️ နေဦး မသွားနဲ့ဦး
☕️ ဘာအတွက်လဲ
❤️ နင် ပြန်သွားပြီဆို ငါ့ကိုပြောတော့ အခု နင် ဘယ်ကနေ ဘယ်လို ဒီကိုရောက်လာတာလဲ
☕️ Psychiatrist ဆီကို ငါလိုလူတစ်ယောက်လာတာက ဆန်းကြယ်နေလို့လား Saint
မပြန်သေးဘူးဆိုတာက ငါ့အလုပ်ကိစ္စလေးတွေ မပြီးပြတ်သေးတာရှိလို့ပါ
❤️မဟုတ်ဘူး နင်လိမ်နေတာ
☕️ ခက်ပြီ ဒီမှာ Saint အခု နင်ဘာဖြစ်နေသလဲ ငါမသိပေမဲ့ ငါ့စိတ်နဲ့ငါ ပင်ပန်းနေတာမို့ ကျေးဇူးပြုပြီးငါ့ကိုသွားခွင့်ပေးပါတော့ဟာ
❤️ ကိုကို ပျောက်နေတယ်လေ ကိုကို ငါ့ဆီမှာ မရှိတော့ဘူး သူအဲ့လိုထွက်မသွားခင်နင်နဲ့တွေ့တုံးက တစ်ခုခုပြောကြတာငါသိတယ်
နင် မလိမ်နဲ့ Liz နင်သိကို သိရမယ်
နင်မပြောပဲ အခုငါ့ရှေ့ကနေ ထွက်သွားလို့မရဘူး
နေ့စဥ်ရက်ဆက်ချုပ်ထိန်းဟန်ဆောင်ထားသမျှ ခံစားချက်တွေဟာ Liz ကို အတွေ့မှာ ပြိုကျသွားခဲ့ပါပြီ။
ရေနစ်နေသလို ကူကယ်ရာမဲ့ မွန်းကြပ်နေချိန်မှာ Liz ဟာ ကောက်ရိုးမျှင်လေးလို့ စိတ်ကယုံကြည်နေပြီမို့ ဘယ်လိုမှသူမကို ထွက်သွားခွင့်မပြုချင်တော့။
သူမပုခုံးနှစ်ဖက်ကို အားပါပါဆုပ်ကိုင်ပြီး ဆွဲဆောင့်ပြောနေမိတာကို သူမကလဲမခံပဲ ရုန်းကန်ဆောင့်တွန်းပစ်ပေမဲ့ ကျွန်တော့်အားကို သူမမတွန်းလှန်နိုင်။
🔥 N' တော်တော့ လွှတ်လိုက်တော့
ရုန်းရင်းဆန်ခတ်ဖြစ်နေတဲ့ အနေအထားမို့ P' ကဘေးကနေ ဝင်ဆွဲရတော့သည်။
BINABASA MO ANG
🖤Theories of LOVE♥ 🖤Season-3♥ Final chapters
FanfictionFinal Chapters (သို့) ချစ်ခြင်းနိဗ္ဗာန်သို့သွားရာလမ်း