(Unicode)🖤Theories of LOVE♥
🖤Season-3♥
🖤Freedom-9♥
အတိတ်နဲ့ ပစ္စုပ္ပန်ကို ချိတ်ဆက်ရင် ငြိမ်းချမ်းမှုရနိုင်မလား...
တစ်လမ်းသွားချစ်ခြင်းအတွက် ငါနောက်ဆုံးပြန်ပေးနိုင်တာက ဘာလဲ...
အမှောင်ထဲမှာအလင်းတစ်စတွေ့ပါရစေ ကံကြမ္မာရေ....
🖤♥🖤♥
အေးစက်မှောင်မိုက်ခြင်းတို့ကြီးစိုးနေတဲ့ ရပ်ဝန်းရှေ့တည့်တည့်မျက်နှာမူမိတော့ ခြောက်ခြားမှုတို့က စိတ်နှလုံးကို စတင်မိတ်ဆက်လာသည်....
ညသန်းခေါင်ချိန် လအလင်းရယ် အေးစက်ခြင်းအတိထပ်ပေါင်းထည့်ထားတဲ့ လေထုရယ်နဲ့ ရှေ့ဆက်တိုးဖို့ကျွန်တော်ခဏတော့တွန့်ဆုတ်နေမိသည်...
အခုကျွန်တော်ရောက်နေတာက ဘယ်တော့မှခြေချဖို့စိတ်ကူး ယောင်လို့တောင်မရှိဘူးတဲ့ နေရာလေ....
Khunရဲ့ အိမ်ပါ....
တစ်နည်းပြောရရင် No နဲ့ Khunရဲ့ တစ်လမ်းသွားချစ်ခြင်းတွေနဲ့ရူးသွပ်မှုတွေပြည့်နှက်နေတဲ့နေရာ....
နာကျည်းခြင်းတွေ ဝမ်းနည်းခြင်းတွေ အားတင်းခြင်းတွေ မျိုသိပ်ခြင်းတွေ ကောက်ကျစ်မှုတွေ ငိုရှိုက်သံတွေ လွှမ်းမိုးခဲ့ဖူးရာ လောကငရဲဘုံတစ်ခုပေါ့...
သားကို ဒီအိမ်မှာလိုက်ခေါ်ပြီးတဲ့နေ့တည်းက ဒီအိမ်ထဲခြေချဖို့အတွေးလုံးဝမရှိခဲ့ပေမဲ့ အခုတော့ ကျွန်တော့်ခြေထောက်တွေနဲ့ ကျွန်တော်ဒီနေရာကိုအရောက်ပြန်လာခဲ့ရပြီ....
P'May ရဲ့ လက်လွှတ်ပါဆိုတဲ့စကားအတွက် ကျွန်တော်အပြည့်အဝမသိခဲ့တဲ့သူတို့ရဲ့ခံစားချက်တွေကို ဒီနေရာမှာလာရှာဖွေရတာပါ....
မကောင်းတာတွေချည်းသိမြင်ခဲ့ရတဲ့ဘဝမှာ သူတို့ရဲ့အလင်းရောင်ကို မသိနိုင်ဘဲ ကျွန်တော်ဘယ်လိုခွင့်လွှတ်စိတ်နဲ ့လက်လွှတ်ရမလဲလေ....
တစ်ဖက်သတ်အချစ်ဆိုတာ ဘာလဲ....
မရနိုင်တဲ့အရာကို ဖြိုခွဲဖျက်စီးဖို့တွန်းအားပေးနိုင်တဲ့ ချစ်ခြင်းဟာဘယ်လိုပုံစံမျိုးလဲ....
CZYTASZ
🖤Theories of LOVE♥ 🖤Season-3♥ Final chapters
FanfictionFinal Chapters (သို့) ချစ်ခြင်းနိဗ္ဗာန်သို့သွားရာလမ်း