🖤Coffee Love-5❤️

984 150 68
                                    

(Unicode)

🖤Theories of LOVE❤️

🖤Season-3❤️

🖤Coffee Love-5❤️

ခံစားချက်တွေ ခါးသီးနေရင်တောင် အတ္တက မင်းအတွက်ဆိုချိုပါတယ် ချစ်သူ❤️

🖤❤️🖤❤️

အိမ်ပြန်ရောက်တည်းက မီးဖိုခန်းထဲကနေ မထွက်ပဲ တကုပ်ကုပ်အလုပ်များနေတာက  Doppio coffee သောက်ချင်လို့လေ။

ကော်ဖီစေ့တွေပါ ဝယ်လာပြီး မလုပ်တတ်လုပ်တတ်နဲ့ အမှုန့်ကြိတ် Espresso ဖျော်နည်းတွေ အင်တာနက်မှာရှာကြည့်ရင်း လူတစ်ကိုယ်လုံးလဲ ကော်ဖီနံ့ထွက်နေပြီ။

တစ်ယောက်တည်း ရှုပ်ယှက်ခတ်ပေပွနေတဲ့ ပစ္စည်းတွေကြားမှာ ဗျာများရင်း နောက်ဆုံးတော့ လိုချင်တဲ့ Espresso အရသာလေး  ရခဲ့ပြီ။

ကော်ဖီခွက်လေးကို ငေးရင်း Lizရဲ့ ခါးသီးခြင်းတွေကို ပြန်ကြားယောင်တော့ အံကြိတ်ထားမိသည်။

ဘယ်သူကမှ ကိုကို့ကို ကျွန်တော့်ထက်ပိုမချစ်ရဘူးလို့​ ဆုံးဖြတ်ထားပြီးသား။

ကိုကိုသာသိရင် ဘယ်လောက်ထိကျွန်တော့်အတွက်ခံစားရမလဲ ကျွန်တော်မသိချင်ဘူး။

တခြားလူတွေသိလို့ မင်းက အဓိပ္ပါယ်မရှိတာတွေနဲ့ ကိုယ့်ဒုက္ခကိုယ်ရှာနေတယ်ပြောလဲ ဂရုမစိုက်ဘူး။

ကျွန်တော်မသိတဲ့ကာလမှာ သူ့ရဲ့နာကျင်ခြင်းမှန်သမျှက ကျွန်တော်မဟုတ်တဲ့လူတစ်ယောက်ဆီမှာရှိနေတာကို ကျွန်တော်မကြိုက်ဘူး မုန်းတယ်။

သူ့ရဲ့ကောင်းခြင်းဆိုးခြင်း အရာအားလုံးကို ကျွန်တော်ပဲပိုင်ချင်တယ်။

အဲ့ဒါကို အတ္တလို့ပြောရင် ကျေကျေနပ်နပ်ကြီးကို ခံယူမှာပါ။

အခုတော့ အဲ့လိုဖြစ်အောင် စခဲ့မိတာက ကိုယ်ဆိုတော့အခု ဘာဆက်လုပ်ရမလဲ သေချာမသိတော့။

လောလောဆယ်မှာတော့ Liz ပြောပြတာတွေပြန်ကြားယောင်ပြီး ကိုယ့်ဟာကို အားမလိုအားမရနဲ့ ဒေါသထွက်ရတာပါပဲ။

ကော်ဖီခွက်လေး သေချာအဖုံးအုပ် နံရံကပ်ဗီရိုထဲထည့်ပြီး လှည့်ထွက်မယ်အလုပ် ရနေကျကိုယ်သင်းနံ့ နွေးနွေးလေးနဲ့အတူ နောက်ကနေသိမ်းကြုံးပြီးအဖက်ခံလိုက်ရသည်။

🖤Theories of LOVE♥ 🖤Season-3♥ Final chaptersWhere stories live. Discover now