Unicode
🖤Theories of LOVE❤️
🖤Season-3❤️
🖤Love you❤️
🍃🍃🍃🍃
စွဲလမ်းခြင်းနဲ့ ပွင့်လင်းခြင်းတို့စုဆုံလာသည့်အခါ ကျွန်မရိုးရှင်းစွာပဲ နှလုံးသားက ဆန္ဒကို ကျွန်မနှစ်သက်ရသော ထိုသူဆီသို့ ဖွင့်ဟမိသည်။
☕️ ကျွန်မရှင့်ကို သဘောကျတယ် Black
🖤 အဲ့တော့......
☕️ ကျွန်မ ရှင့်ချစ်သူ ဖြစ်ချင်တယ် ကျွန်မတို့ တွဲကြည့်ကြမလား
အရှေ့တိုင်းနဲ့ အနောက်တိုင်း လူနေမှုပုံစံကဘာကွာလဲ မသိပေမဲ့ အချစ်ကတော့ ခံစားချက်တစ်ခုပဲမဟုတ်လား
အဲ့ဒါကြောင့် ကျွန်မဖွင့်ပြောရတာပါ
ခပ်စူးစူးအကြည့်နဲ့အတူ ကျွန်မပါးပြင်ပေါ်ရောက်လာတဲ့ လက်တစ်ဖက်နဲ့ ခပ်ရှရှစကားတစ်ခွန်း....
🖤 ငါ လိုချင်တာပေးရင် မင်းနဲ့ တွဲကြည့်မယ်လေ
☕️ ရှင်လိုချင်တာက ဘာလဲ
🖤 ခရမ်းရောင်လိပ်ပြာလေး တစ်ကောင်ကို မင်းမျက်နှာပေါ်မှာ မြင်ချင်တယ်
☕️ ဘာလို့လဲ
🖤 သူက ငါချစ်ရတဲ့ ငါ့လိပ်ပြာငယ်လေးမို့လို့ပေါ့
ငါနဲ့တွဲကြည့်ချင်တယ်ဆိုတဲ့ မိန်းမတစ်ယောက်က ငါနှစ်သက်တဲ့အရာတစ်ခုကို ပိုင်ဆိုင်ထားသင့်တယ်လို့ မထင်ဘူးလားမင်းမျက်နှာကို ငါကြည့်မိတိုင်း ငါမြတ်နိုးတဲ့လိပ်ပြာငယ်ကို ငါမြင်နေရမှာကို ငါသဘောကျတယ်
စွဲလမ်းနာကျင်မှုတွေနဲ့ သူရူးနေတာလား မသိ။
ဒါပေမဲ့ ထိုသူထက် ကျွန်မက ပိုရူးနေတယ်ဆိုတာတော့ ကျွန်မသိပါသည်။☕️ ကောင်းပြီလေ တစ်ခါလောက်တော့ အချစ်ကို ရှင်နဲ့အတူ ရူးသွပ်ဖူးချင်တာမို့ ကျွန်မလက်ခံပါတယ်
Tattoo ဆိုင်ကို သွားပြီး သူရွေးချယ်ပေးတဲ့ လိပ်ပြာကို ပါးထက်တင်ချိန်မှာ အရည်လဲ့နေတဲ့ စိတ္တဇ မျက်လုံးတွေ....
ဘုရားသခင် ကျွန်မဒီလူကို မထင်ထားမိလောက်အောင် ချစ်နေမိပြီပဲ။
YOU ARE READING
🖤Theories of LOVE♥ 🖤Season-3♥ Final chapters
FanfictionFinal Chapters (သို့) ချစ်ခြင်းနိဗ္ဗာန်သို့သွားရာလမ်း