အခန်း (၁၉၉) လူလိမ်များ၏တိုက်ပွဲ

1.4K 152 0
                                    

အခန်း (၁၉၉) လူလိမ်များ၏တိုက်ပွဲ

ချည်ထိုးပန်းထိုးဝတ်ရုံဖြင့်အမျိုးသမီးက နူးညံ့ပြီး တိုးလျသောအသံရှိသော်ငြား အင်အားတို့ ပြည့်နေသည်။

မင်ရှစ်ရင်နှင့်တွမ့်မူရှန်းသည် ဝေ့ကျိုးယန်၏ဘေး၌ ထိုကဲ့သို့အစွမ်းထက်သည့်အမျိုးသမီးတစ်ဦး ရှိနေလိမ့်မည်ဟု မထင်ထားပေ။

"ငါတို့ အခုဘာလုပ်ကြမလဲ" တွမ့်မူရှန်းက ခေါင်းကုတ်လျက် တိုက်ပွဲကိုမြင်တွေ့သည့်အချိန်တွင် အမြန်ခုန်ဝင်လာတော့သည်။

"မလှုပ်နဲ့။ ဒါကျွန်တော်တို့နဲ့ ဘာမှမဆိုင်ဘူး။ ရှစ်စွင်းရဲ့ကျင့်ကြံဆင့်က နက်နဲတယ်။ သူအခုလောက်ဆိုရင် ရုတ်ရုတ်သဲသဲဖြစ်နေတာကို သတိပြုမိမှာပဲ။ သူ ဝင်စွက်ဖက်ချင်တယ်ဆိုရင် အခုချိန်အထိ စောင့်နေမှာမဟုတ်ဘူး"

"မင်း ပြောတာ အဓိပ္ပာယ်ရှိတယ် ရှစ်တိ" လမ်းပေါ်က ဖရိုဖရဲဖြစ်နေလေ၏။

လေထဲတွင် သွေးနံ့များပြည့်နေကာ ယင်ကောင်များ၏ တဝီဝီအသံများလည်း လိုက်ပါလာသည်။ ယင်ကောင်များက စားတော်ပွဲကြီးတစ်ခုရှာတွေ့သွားပုံရသည်။

သို့သော် ထိုညှီနေသော သတ္တဝါများသည် ချည်ထိုးပန်းထိုးဝတ်ရုံဖြင့်အမျိုးသမီး၏ သုံးမီတာအတွင်း မကပ်နိုင်ချေ။ ထိုအမျိုးသမီးက လက်ပိုက်ထားလျက် သူမ၏လှုပ်ရှားမှုများက ကျော့ရှင်းကာသေသပ်သည်။

မျက်နှာဖုံးဖြင့် ကျင့်ကြံသူများကလည်း နောက်သို့ဆက်ဆုတ်နေပြီး ဖြုံလောက်သည့်ရန်သူကို ရင်ဆိုင်နေရသည်။

ရဲမက်များ၏လှံသည် ကျင့်ကြံသူများကြားရှိတိုက်ပွဲတွင် အမြှောက်ဆံမျှသာဖြစ်သည်။ ဤလက်ရွေးစင် ကို မည်သူက ရင်ဆိုင်နိုင်မည်နည်း။

သူမကို မည်သူမှ မဖြေတာကိုမြင်သောအခါ ချည်ထိုးပန်းထိုးဝတ်ရုံဖြင့် အမျိုးသမီးက ရှေ့တိုး လျှောက်လာ၏။ ရဲမက်များအတန်းလိုက်နှင့် သံချပ်ကာဝတ်ကျင့်ကြံသူများက သူမနောက်မှလိုက်ပါလာသည်။

တစ်ဖက်ကရှေ့တိုးပြီး တစ်ဖက်က နောက်ဆုတ်နေ၏။

အောက်ရှိဘေးသင့်ဖွယ်အခြေအနေကို သတိပြုမိပြီး လေထဲတွင်ပျံဝဲနေသော ရထားလုံးကြီးက မြို့တောင်ဖက်ဂိတ်ဆီသို့ ဖြည်းဖြည်းချင်း ဆင်းသက်သွားပြီး အောက်သို့ဆင်းလိုက်၏။

ငါ့တပည့်တွေအကုန် ဗီလိန်တွေချည်းပဲ Book 2Where stories live. Discover now