အခန်း (၂၆၈) အသိအကျွမ်းဟောင်း၊ စွန့်စားမှုထဲမှ အမြတ်

911 132 0
                                    

အခန်း (၂၆၈) အသိအကျွမ်းဟောင်း၊ စွန့်စားမှုထဲမှ အမြတ်

အိမ်တော်ထိန်းအိုကြီး ဟုန်ဖုက လှည့်ကြည့်လိုက်ပြီး  “သခင်လေး ... သခင်မလေး ... ”

ရောက်လာသူများက အစေခံလေးဦး ပါရှိသည့် ငယ်ရွယ်ကျက်သရေရှိသည့် လူငယ်လေးနှင့် လှပကြော့ရှင်းသည့် မိန်းမငယ်လေးတို့ ဖြစ်ကြသည်။ သူတို့ ဝင်လာလာချင်း သူတို့က ဂုဏ်ကျက်သရေ ထိုင်ခုံပေါ်တွင် သိက္ခာရှိရှိ ထိုင်နေသည့် လုကျိုးကို မြင်လိုက်ရသည်။

အိမ်ရှင်၏ စည်းမျဉ်းအရ ဂုဏ်ကျက်သရေရှိ ဧည့်သည်ပင် ထိုနေရာကို အကြောင်းပြချက်မရှိ မထိုင်ကြပေ။

သို့သော်လည်း လူငယ်လေးက ဘာမှမပြောနိုင်ခင် ဟုန်ဖုက ပြောလိုက်သည်။

“ သခင်လေး ကျွန်တော်တို့ လေးလေးစားစား ဆက်ဆံရမယ်။ သခင်ကြီး ဒီမှာရှိနေရင်တောင် သူက ဒီလိုဧည့်ဝတ်ကျေပွန်ရမှာပါ ”

ဟုန်ဖုက အရည်အချင်းပြည့်ဝသူ ဖြစ်၏။ သူက သခင်လေးသည် မရင့်ကျက်သေးဘဲ အလျှင်စလို ပြုမူတတ်သည်ကို သိထားသောကြောင့် သခင်လေး တစ်ခုခု ပြော၍ ပြဿနာမဖြစ်စေခင် အရင်ဝင်ပြောလိုက်ခြင်း ဖြစ်သည်။

လူငယ်လေး ချင်ရှောက ခေါင်းညိတ်လိုက်ပြီးနောက် သူ့အပြုအမူကို ထိန်းလိုက်သည်။ လောင်ဟုန်က အိမ်တော်ကို ခံစားလာသည်မှာ နှစ်များစွာ ကြာမြင့်နေပြီ ဖြစ်၍ အမြဲတမ်း သတိကြီးသူ ဖြစ်ခဲ့သည်။ သူ့စကားများအရ ဒီဧည့်သည်တော်ကို လေးလေးစားစား ဆက်ဆံရမည်မှန်း သိသာလှသည်။ ထို့ကြောင့် ချင်ရှောက ထိုဧည့်သည်ကို မသိလျှင်ပင် လုကျိုးထံ ဦးညွှတ်လိုက်ပြီး ပြောလိုက်သည်  “ဆရာကြီးကို ဂါရဝပြုပါတယ် ”

လုကျိုးက လက်ဖက်ရည်ကြမ်းခွက်ကို မြောက်ကာ သူ့အား အရေးမစိုက်ပေ။ သူက အရေးမပါသူများနှင့် စကားပြောရသည်မှာ အဓိပ္ပါယ်မရှိကြောင်း သိထားပြီးပြီ ဖြစ်၏။

ချင်ရှောက လက်ဖက်ရည်ကြမ်းဆီ အာရုံရောက်သွားသည်။

ဒါက သူ့အဖေအကြိုက်ဆုံး ဝတ်ရုံနီ လက်ဖက်ရည်ကြမ်း မဟုတ်ဘူးလား …

ငါ့တပည့်တွေအကုန် ဗီလိန်တွေချည်းပဲ Book 2Where stories live. Discover now