အခန်း (၂၄၀) ရှစ်စွင်းက အသက်ကြီးနေပြီ

1.1K 143 0
                                    

အခန်း (၂၄၀) ရှစ်စွင်းက အသက်ကြီးနေပြီ

“ ရှစ်ရှိုး ဒုက္ခများစရာ မလိုပါဘူး ” စီးဝူယာ့က လက်နှစ်ဖက်ယှက်ကာ ပြောလိုက်သည်။ သူက ဧည့်သည်ပို့သလိုမျိုး လုပ်ဆောင်လိုက်သည်။

မင်ရှစ်ရင်က နှာခေါင်းရှုံ့လိုက်သည်။ သူက စီးဝူယာ့နှင့် ထပ်မပြောချင်တော့ပေ။ သူက လေထဲ ခုန်ဝင်ကာ   “မင်းတို့အားလုံး အနှေးနဲ့ အမြန် ငါ့လက်ထဲ ရောက်လာမှာပဲ ”

သူက ထိုစကားများ ပြောပြီးနောက် မြင်ကွင်းမှ ပျောက်ကွယ်သွားလေသည်။

စီးဝူယာ့က ယွီရှန်းရုန်ထံ လက်နှစ်ဖက်ယှက်ကာ “ အာ့ရှစ်ရှိုး …  ကျွန်တော့်ကို ကူညီပေးတဲ့အတွက် ကျေးဇူးတင်ပါတယ် …”

“ မင်းကို ကူညီလိုက်တာလားတော့ မသိဘူး။ ဒါပေမဲ့ ငါ ပြဿနာ ပေးတယ်ဆိုပြီး မင်း စိတ်တိုနေတာတော့ သိတယ်” ယွီရှန်းရုန်က အပြုံးလေးနှင့် ပြောလာသည်။

“ ကျုပ် မလုပ်ရဲပါဘူး ” ပိုင်ယွီချင်းက စီးဝူယာ့နှင့် အဝါရောင်တောင်ထွတ်ကို ကာကွယ်ပေးခဲ့သည်။ သို့သော်လည်း ယွီရှန်းရုန် ပေါ်ထွက်လာမှုက ပိုင်ယွီချင်းကို ဒဏ်ရာရသွားစေပြီး သူ့ကောင်းကင်အဆင့် လက်နက်ပါ ဆုံးရှုံးသွားစေသည်။

ထိုအရာများအား နောင်တရနေမည်ကို သံသယဖြစ်ဖွယ် မရှိပေ။

ယွီရှန်းရုန်က စီးဝူယာ့၏ အတွေးများကို သိနေသော်လည်း ထုတ်ဖော်မပြောခဲ့ပေ။ ထို့အစား သူက ပိုင်ယွီချင်းကို လှည့်ကြည့်လိုက်ပြီး မေးလိုက်သည်။  “ တာ့ရှစ်ရှိုးက မင်းကို လွှတ်လိုက်တာလား ”

ပိုင်ယွီချင်းက နာကျင်မှုကို အံ့တုကာ “ ဂိုဏ်းချုပ်က ကျုပ်ကို သီးသန့်အမိန့်ပေးထားခဲ့တာပါ။ သူ့စကားကို မနာခံဘဲ မနေရဲပါဘူး ”

ယွီရှန်းရုန်က ပြောလိုက်သည်။  “ မင်း ပြန်သွားရင် တာ့ရှစ်ရှိုးကို ငါက သူ့ကိစ္စတွေမှာ ဝင်ပါဖို့ ရည်ရွယ်ချက် မရှိသလို အချိန်လည်း မရှိဘူးလို့ ပြောလိုက်ပါ … ဒါပေမဲ့ သူက သိပ်မလွန်လာရင် ကောင်းလိမ့်မယ် ”

“ အာ ..” ပိုင်ယွီချင်းက စီးဝူယာ့အား ကူကယ်ရာမဲ့စွာ ကြည့်လိုက်သည်။

ငါ့တပည့်တွေအကုန် ဗီလိန်တွေချည်းပဲ Book 2Where stories live. Discover now