အခန်း (၃၂၂) သက်ရှိအားလုံးက တန်းတူပဲ

894 136 0
                                    

အခန်း (၃၂၂) သက်ရှိအားလုံးက တန်းတူပဲ

ဝုန်း

စွမ်းအားဓားက ကျရောက်လာသည်။

လုကျိုးက အနည်းငယ် မျက်မှောင်ကြုတ်လိုက်ပြီး ပြောလိုက်သည်။ “ သွားကြည့်ကြစို့ ”

“အာ ”ကျန်းအိုက်ကျန့်က လောင်ချန်းပေ့၏ အရှိန်အဝါ အပြောင်းအလဲကို ခံစားမိလိုက်သည်။ သူက လုကျိုးကို ရွှင်းထျန်းစံအိမ်ဆီ ခေါ်လာလိုက်သည်။ သူတို့ စံအိမ်အပြင်ဘက်ရှိ စစ်သားများနှင့် တွေ့ကြသည့်အခါ သူက တော်ဝင်မိသားစု၏ အမှတ်အသားပြားကို ထုတ်ပြလိုက်သည်။

“အရှင်လား … အရှင်က …” စစ်သားက စိတ်ခံစားချက် ပြင်းထန်လွန်းကာ စကားပင် သေချာမပြောနိုင်တော့ပေ။

“ရှူး …” ကျန်းအိုက်ကျန့်က သူ့အား တိုးတိုးနေဖို့ အချက်ပြလိုက်သည်။ သူက အသံတိုးကာ  “ငါက ဧကရာဇ်အမိန့်နဲ့ မယ်တော်ကြီးကို တိတ်တဆိတ် ကာကွယ်ဖို့ ရောက်နေတာ ”

“ ဟုတ်တာပေါ့ … အရှင် ဝင်ပါခင်ဗျ။ ဒါနဲ့ ဒီနှစ်ယောက်က … ”

“မင်းက ဘယ်သူမလို့ မေးနေရတာလဲ”

“ကျွန်တော် တောင်းပန်ပါတယ်ခင်ဗျ … ဝင်ကြပါ ”

သုံးယောက်သား ရွှင်းထျန်းစံအိမ်ထဲ အောင်အောင်မြင်မြင် ဝင်ရောက်နိုင်သွားသည်။

လုကျိုးက တော်ဝင်တံဆိပ်တော်အကြောင်း မေ့သွားဟန်ပေါ်သည်။ သူက ကျန်းအိုက်ကျန့်သည် အတော်လေး သွက်သွက်လက်လက်ရှိကြောင်း ဝန်ခံရပေမည်။

သုံးယောက်သား တိုက်ပွဲနေရာနှင့် အရမ်းကို နီးကပ်လာလေပြီ။ ပျက်စီးသွားသော အဆောက်အဦဝန်းကျင် ဖုန်မှုန့်များ ကင်းသွားသည့်အခါ သူတို့က ကျောင်းယွဲ့နှင့် မယ်တော်ကြီးတို့ကို ကြည့်ဖို့ အချိန်ပင် မရှိချေ။

အဆောက်အဦက ပျောက်ကွယ်သွားလေပြီ။ သစ်ပြာ အပုံလိုက်က နေရာအနှံ့ ပြန့်ကျဲနေ၏။

“ဘာဖြစ်သွားတာလဲ” အနီးရှိ ကျင့်ကြံသူများက ထိုမြင်ကွင်းကြောင့် ကြောင်အမ်းအမ်း ဖြစ်နေကြသည်။

ပွင့်ချပ်ငါးလွှာအဆင့် ကျင့်ကြံသူလည်း ယခု မလှုပ်ရှားပေ။

ငါ့တပည့်တွေအကုန် ဗီလိန်တွေချည်းပဲ Book 2Donde viven las historias. Descúbrelo ahora