အခန်း (၂၇၄) လက်သီးဖြင့် လွှမ်းမိုးခြင်း

885 134 0
                                    

အခန်း (၂၇၄) လက်သီးဖြင့် လွှမ်းမိုးခြင်း

စွမ်းအားရစ်ပတ်ထားသည့် လက်နက်က လီယွင်ကျောက်၏ လက်ဝါးနှင့် ထိပ်တိုက်တွေ့သွားသည်။

သူက လက်ဗလာဖြင့် လက်နက်ကို ကြားဖြတ်ဆွဲလိုက်သည်။

လုပ်ကြံသူက လီယွင်ကျောက်ကို လျှော့တွက်ထားသည်မှာ သိသာလှသည်။ သူက ဒဏ်ရာရထားသော်လည်း ထိုလက်နက်ပုန်းဖြင့် အလွယ်တကူ အသတ်ခံရမည့်လူ မဟုတ်ချေ။

လီယွင်ကျောက်က လက်နက်ကို ပစ်လိုက်ရင်း လှည့်ကြည့်လိုက်သည်။

“ အံ့ဩနေဖို့ မလိုပါဘူး။ ဒါက သူတို့လမ်းမှာ ပိတ်မှာစိုးလို့ ကျုပ်ကို ရှင်းထုတ်ပစ်ချင်တဲ့ တစ်ယောက်ပဲ။ ဒါမျိုးက မကြာခဏဖြစ်လေ့ရှိတယ်”

လုကျိုးက မြေပေါ် လွှင့်ချခံထားရသည့် လက်နက်ပုန်းကို တစ်ချက်ကြည့်လိုက်သည်။

လက်နက်များကို ဒီလောက်အထိ သုံးတတ်နိုင်ဖို့ လုပ်ကြံသူက သာမန်ကျင့်ကြံသူတော့ မဖြစ်နိုင်ချေ။

ထင်ထားသည့်အတိုင်း တာ့ယန်၏ အံ့ဖွယ်မြို့တော်က နဂါးနှင့် ကျားများ ပုန်းခိုရာ နေရာ ဖြစ်နေလေသည်။ မည်သူကိုမှ လျှော့တွက်၍ မရပေ။

လျိုပင်း၏ စိတ်စွမ်းရည်က သာမန်လူထက် ခက်ထန်သောကြောင့် သူက အကြည့်တစ်ချက်မျှသာ ကြည့်လိုက်ပြီး  “ လုပ်ကြံသူလား ”

“ အနည်းဆုံး ပွင့်ချပ်တစ်လွှာအဆင့် ကျင့်ကြံသူပဲ … စိတ်ဝင်စားစရာပဲ ” လျိုပင်းက ရေရွတ်လိုက်သည်။

လီယွင်ကျောက်က သူ့ပစ်မှတ်ကို အာရုံခံဖို့ ကြိုးစားလိုက်သည်။

သူက သတိကြီးကြီးထားလိုက်ရင်း   “အရှင်မသာ ကျုပ်ကို မယုံရင် ကျုပ်အသက်က ဘာမှမတန်ပါဘူး။ ဟိုးကတည်းက သေနေလောက်ပြီ။ ဒီနေ့အထိ အသက်ရှင်ရက် ရှိနေနိုင်မှာ မဟုတ်ဘူး ”

ထင်ထားသည့်အတိုင်း မျှော်နန်းဆောင် ထောင့်တစ်နေရာမှ အနက်ရောင်ပုံရိပ်တစ်ခု ဖျတ်ခနဲ ဖြတ်သွားလေသည်။

ဤလူက လီယွင်ကျောက်ကို အစကတည်းက နောက်ယောင်ခံ လိုက်နေမှန်း သိသာလှသည်။

ငါ့တပည့်တွေအကုန် ဗီလိန်တွေချည်းပဲ Book 2Where stories live. Discover now