အခန်း(၃၇၆) အစောင့်အရှောက် ယဲ့ထျန်းရှင်း
ခဏအကြာတွင် ပါမာ လက်ဖဝါးထဲမှ ခရမ်းရောင်အငွေ့များ ပိတ်ဖုံးသွားလေသည်။ သူက မော့ကြည့်ကာ “ ဂမ္ဘီရဉာဏ်”
သူ့အသံက ဓားသင်္ချိုင်းထဲ ပဲ့တင်ထွက်လာ၏။
ဝေဟင်ရှိ ဓားအစီအရင်ကား စတင် လှုပ်ခါလာလေသည်။
“ ချီးမွမ်းခြင်း” ပါမာ၏ ပါးစပ်မှ ထူးထူးဆန်းဆန်း အသံများ ထွက်ပြီး ထိုအသံများ ပေါင်းစပ်သွားသည့်အခါ အလင်းတန်း ဝင်ရောက်ထားသည့် ဝင်ပေါက်မှ လေများဝင်လာသည်။
စုန်းအတတ် အစီအရင်စက်ဝန်းများက အဆုံးသတ် ခုနှစ်ပါးအစီအရင်အစွန်းတစ်ဝိုက်တွင် ပေါ်ထွက်လာသလို စွမ်းအားများလည်း စတင် စုဝေးလာသည်။
ကျန့်ယွမ်ရှန်းက ထိုအရာကို မြင်ပြီး စိတ်လှုပ်ရှားနေသည်။ သူက စွမ်းအားစုဝေးလာသည်ကို အာရုံခံစားမိသည်။ ထိုစွမ်းအားက ပွင့်ချပ်ရှစ်လွှာအဆင့်ကိုပင် ဖိနှိပ်ထားနိုင်ကြောင်း ခံစားမိလေသည်။
ဓားသင်္ချိုင်းအပြင်ဘက်တွင် …
မြင့်တက်လာသည့် ခရမ်းရောင်အငွေ့များက ပတ်ဝန်းကျင်တစ်လျှောက် ရွေ့လျားသွားလေသည်။ ခရမ်းရောင်အငွေ့များက သစ်ပင်များ၊ ပန်းမန်များနှင့် မြက်ပင်များကိုပင် ညှိုးနွမ်းသွားစေ၏။
ထိုစဉ် နောက်ထပ်တစ်နေရာ၌ ခရမ်းရောင်အငွေ့လိုမျိုး အရာသည် စွမ်းအားများကို စုဆောင်းနေသည်။
တူညီလှစွာ သစ်ပင်များစွာက ညှိုးနွမ်းခြောက်ကပ်လာသည်။
ရွှေနန်းဥယျာဉ်တောင်နှင့် မိုင်ဒါဇင်ချီကွာဝေးသည့် ရေကန်ဘေးတွင် အဖြူရောင်ဝတ်စုံ၊ အဖြူရောင်ခြုံထည်တို့ကို သေသပ်စွာ ခေါက်ထားလေသည်။ အနီးအနားတောအုပ်မှ ခရမ်းရောင်စက်ဝန်းတစ်ခုက ပြန့်လာပြီး ဘေးပတ်ဝန်းကျင်ရှိ အသက်ဓာတ်များကို စုဆောင်းနေသည်။
သစ်ပင်များက ညှိုးနွမ်းသွားကာ ပန်းမန်များလည်း ခြောက်သွေ့သွားကြသည်။ ငှက်များလည်း တကွဲတပြား ပျံထွက်ပြေးကုန်ကြသည်။
ВЫ ЧИТАЕТЕ
ငါ့တပည့်တွေအကုန် ဗီလိန်တွေချည်းပဲ Book 2
Юморအကျဉ်းချုပ် လုကျိုးက ကမ္ဘာလောကကြီးရဲ့ အသန်မာဆုံးနဲ့ သက်တမ်းအရင့်ဆုံး မိစ္ဆာဂိုဏ်းချုပ်ဖြစ်ဖို့ နိုးထလာပြီး သူ့မှာ ဆိုးယုတ်မှုတွေ ပြည့်နေတဲ့ နာမည်ဆိုးနဲ့ ကျော်စောတဲ့ တပည့် ကိုးယောက်ရှိနေတာကို သိလိုက်ရတယ်။ သူ့အကြီးဆုံးတပည့်က ဂိုဏ်းသားထောင်ကျော်ရှိတဲ့...