အခန်း (၂၉၆) သူ ရောက်လာပြီ

902 120 0
                                    

အခန်း (၂၉၆) သူ ရောက်လာပြီ

နေရောင်က အနက်ရောင်ခေါင်းတလားပေါ် ဖြာကျနေပြီး တုံ့ဆိုင်းနေသည့်အလား မလှုပ်မယှက် ဖြစ်နေသည်။ သူက အချိန်အကြာကြီး အမှောင်ထဲတွင် နေခဲ့၍လားတော့ မသိပေ။ ကမ္ဘာကြီးထဲ ထပ်မံထွက်လာပြီးနောက် နေသားမကျသလို ဖြစ်နေသည်။ ထို့နောက် ခေါင်းတလားထဲမှ သက်ပြင်းချသံအရှည်ကြီး ထွက်လာသည်။

…………

သီးသန့်တဲအိမ်လေးအတွင်း

စီးဝူယာ့က  မျက်လုံးမှိတ်ထားရင်း စိတ်ရောကိုယ်ပါ အနားယူနေသည်။

ယဲ့ကျစ်ရှင်းက သူ့လက်ထဲမှ စာကို ဖတ်ပြီး ဦးညွှတ်လိုက်သည်။

“ဂိုဏ်းချုပ် … ကြွက်ငါးကောင် သေသွားပါပြီ။ သူတို့အလောင်းတွေကို ရွှေနန်းဥယျာဉ်တောင်ခြေမှာ ထားထားတယ်တဲ့ ”

စီးဝူယာ့က တည်တည်ငြိမ်ငြိမ်ဖြင့် မေးလိုက်သည်။

“ သူတို့ကို ဘယ်သူ သတ်လိုက်တာလဲ ”

“ဝတ်စုံဖြူ မိန်းမပျိုလေးပါ … အခြားသတင်းတော့ မသိရသေးပါဘူး ”

ထိုစဉ် စီးဝူယာ့က မျက်လုံးဖွင့်လာကာ  “ လျိုရှစ်ကျဲ”

ယဲ့ကျစ်ရှင်းက ထိုအကြောင်းကြားသည့်အခါ ကြောင်သွားပြီး  “ဒါက မိစ္ဆာဝေဟင်မျှော်နန်းရဲ့ ဆဋ္ဌမသခင်မလေး လက်ချက်လား ”

စီးဝူယာ့က ပြုံးကာ “ သူ ဘယ်မှာရှိနေလဲ ရှာလိုက် … သူနဲ့ တွေ့ရမယ် ”

“ နားလည်ပါပြီ ”

ယဲ့ကျစ်ရှင်းက ဆက်ပြောလိုက်သည်။  “နောက်ထပ် တင်ပြစရာတစ်ခု ရှိပါသေးတယ်”

“ဘာလဲ ”

“ ရှန့်စုရှုမြို့မှာ ထကြွသောင်းကြမ်းပြီးတဲ့နောက် အံ့ဖွယ်မြို့တော်ကနေ နှိမ်နင်းဖို့ တပ်သားတချို့ ပို့လိုက်ပါတယ်။ တော်ဝင်အစောင့်တပ်ရဲ့ စစ်သူကြီးရှန့်က သေသွားပြီ။ ဂိုဏ်းချုပ်ယွီက အဲဒီသတင်းကြားပြီးတော့ စိတ်အေးသွားတယ်။

လွန်ခဲ့တဲ့ တစ်လလောက်တုန်းက သူက ငရဲဂိုဏ်းက လူတစ်သောင်းကို ဦးဆောင်ပြီးတော့ သမာသမတ်ဂိုဏ်းကို တိုက်ခိုက်ခဲ့တယ်။ သမာသမတ်ဂိုဏ်း ကျဆုံးသွားပြီးတော့ သူတို့ဂိုဏ်းချုပ် ကျန့်ယွမ်ရှန်းက ပျောက်နေတယ်။ အခုတော့ သမာသမတ်ဂိုဏ်းရဲ့ ပိုင်နက်ကို ငရဲဂိုဏ်းရဲ့ ပိုင်နက်အဖြစ် သတ်မှတ်လိုက်ပါပြီ” ယဲ့ကျစ်ရှင်းက တင်ပြလိုက်သည်။

ငါ့တပည့်တွေအကုန် ဗီလိန်တွေချည်းပဲ Book 2Where stories live. Discover now