အခန်း (၂၃၄) ရီမျိုးရိုးနာမည်နှင့် မိတ်ဆွေတစ်ယောက်

1K 150 0
                                    

အခန်း (၂၃၄) ရီမျိုးရိုးနာမည်နှင့် မိတ်ဆွေတစ်ယောက်

ယွီကျန့်ဟိုင်က ကာကွယ်သူသုံးယောက်နှင့် မျက်နှာချင်းဆိုင်လိုက်ပြီး   “ မင်းတို့အားလုံး ငရဲဂိုဏ်း အခုလို အားကောင်းလာအောင် ပါဝင်အားဖြည့်ခဲ့ကြတယ် … ”

“ ကျွန်တော်တို့ ဘာမှမလုပ်ခဲ့ရပါဘူး ” ဟွားချုံးယန်က အလျှင်စလို ပြောလိုက်သည်။

“ငါ မိစ္ဆာဝေဟင်မျှော်နန်းကနေ ထွက်လာပြီး ငရဲဂိုဏ်း တည်ထောင်ကတည်းက ဒါက ငါ့မဟာအကြံအစည် အမြဲဖြစ်ခဲ့တယ်” ယွီကျန့်ဟိုင်က ဖြည်းဖြည်းချင်း ပြောလိုက်သည်။

“ မင်းတို့အားလုံးက ငါ့အတွက် ကြီးမားတဲ့ အကူအညီ ဖြစ်စေပြီးတော့ ငါ ယုံရတဲ့ လူတွေပဲ ”

သုံးယောက်လုံးက အသက်ပင် ပြင်းပြင်းမရှုဝံ့ကြပေ။

ယွီကျန့်ဟိုင်က လက်နောက်ပစ်ကာ ဟွားချုံးယန်ရှေ့ ရပ်လိုက်သည်။

ဟွားချုံးယန်က မြေပေါ် ဒူးတစ်ဖက် ထောက်လျက်သားဖြင့် ခေါင်းငုံံ့ထားလေသည်။ သူ့လက်တစ်ဖက်က မြေပြင်ကို ထောက်ထားပြီး “ ကျွန်တော် အပြစ်ပေးခံရဖို့ လိုလားပါတယ်။ ကျွန်တော်က အရှင့်ကိုယ်စား အမိန့်ပေးခဲ့တဲ့သူပါ။ ကျန်လူတွေနဲ့ ဘာမှမဆိုင်ပါဘူး ”

ဟွားချုံးယန် စကားအဆုံးတွင် ယန်ယန်းလည်း ချက်ချင်း ဒူးထောက်လိုက်သည်  “အစ်ကိုချုံးယန်က အမြဲတမ်း အခြေအနေတစ်ခုလုံးကို ခြုံကြည့်ခဲ့တာ၊ ကျွန်တော်တို့အားလုံးက သူ့ဆုံးဖြတ်ချက်ကို ထောက်ခံခဲ့ကြတာပါ … ကျွန်တော်လည်း ပြစ်ဒဏ်ခံယူပါ့မယ် ”

တိချင်းလည်း ဒူးထောက်လိုက်သည်။

“ ကျွန်တော် ဘာမှထပ်ပြောစရာ မရှိပါဘူး။ ကျွန်တော်လည်း ပြစ်ဒဏ်ခံယူပါ့မယ် ”

အဆုံးသတ်၌ လေးယောက်လုံးက မိစ္ဆာဝေဟင်မျှော်နန်းနှင့် ရင်ဆိုင်စဉ် နောက်ဆုတ်ဖို့ ရွေးချယ်ခဲ့ကြသည်။ အကယ်၍ သူတို့သာ ယွီကျန့်ဟိုင်ကို အနည်းငယ် အချိန်ထပ်ဆွဲပေးထားခဲ့လျှင် ကျင့်မင်တာအိုဂိုဏ်း တစ်ခုလုံးကို သုတ်သင်ခဲ့နိုင်လိမ့်မည်။ ယွီကျန့်ဟိုင်က ကလေးကစားပွဲ မဟုတ်ဘဲ ကြီးကြီးမားမား အဖြစ်အပျက်ကို ရည်ရွယ်ထားလေသည်။ သူ မနှစ်မြို့ဆုံးအရာမှာ လူများက အရေးကြီးအခိုက်အတန့်၌ ငကြောက်ဖြစ်သွားခြင်း ဖြစ်၏။

ငါ့တပည့်တွေအကုန် ဗီလိန်တွေချည်းပဲ Book 2Where stories live. Discover now