အခန်း (၃၁၁) ယဲ့ထျန်းရှင်း၏လျှို့ဝှက်ချက်

917 121 0
                                    

အခန်း (၃၁၁) ယဲ့ထျန်းရှင်း၏လျှို့ဝှက်ချက်

ယဲ့ကျစ်ရှင်းက ထိတ်လန့်သွားသည်။

စီးဝူယာ့က အမြဲတမ်းသတိထားတတ်၏။ အချို့သော ကိစ္စရပ်များက သိသာနေလျှင်တောင် သူက အမြဲတမ်းသက်သေတောင်းဆိုသည်။ သို့သော်ငြား ဤကျန်းအိုက်ကျန့်နှင့်သက်ဆိုင်သည့်အရေး ကိစ္စကမူ မတူညီပေ။ ယခုချိန်၌ တိကျသောသက်သေမရှိလျှင် ကျန်းအိုက်ကျန့်သည် သူက တတိယမင်းသားဆိုတာ သေချာနေသည်။

“နန်းတော်ထဲက ရန်ငြိုးဟောင်းတွေထဲက တစ်ခုမှာ ဒုတိယမင်းသားက သူ့ကို ဆန့်ကျင်တဲ့ သူတွေကို ဖယ်ရှားဖို့အတွက် ကျင်းဟယ်နန်းဆောင်ကို မီးရှို့ခဲ့တာ ... အသက်ထောင်ချီက လောင်ကျွမ်း ကုန်တာ၊ ဒါပေမဲ့ လျှိုချန်းရဲ့အလောင်းကိုဘယ်နေရာမှာမှ ရှာမတွေ့ခဲ့ဘူး။ သူ အဲဒီတုန်းက လွတ်မြောက်သွားတာပဲဖြစ်ရမယ်။" စီးဝူယာ့ကလက်နောက်ပစ်ထားလျက်  ပြောလိုက် သည်။

“သူက ပြာဖြစ်သွားတာပဲမလား” ယဲ့ကျစ်ရှင်းက တွေးဆလိုက်သည်။

စီးဝူယာ့က ဆိတ်ဆိတ်သာနေလေ၏။ ဖြစ်နိုင်သော်ငြား မဖြစ်တန်ပေ။

ကျင်းဟယ်နန်းတော်၏ လျှိုချန်းက ကျင့်ကြံသူတစ်ယောက်ဖြစ်၏။ ဖြစ်ရပ်နောက်ကွယ်၌ ရုပ်သေးသခင်မရှိလျှင် ထိုကဲ့သို့ရလဒ်ဖြစ်လာမှာမဟုတ်ပေ။

“ဆက်စုံစမ်းထား”

“ဟုတ်ကဲ့” ယဲ့ကျစ်ရှင်းက အရိုအသေပေးလိုက်၏။ “ဂိုဏ်းချုပ် ... ပဉ္စမသခင်မလေးက နန်းတော်မှာ မယ်တော်ကြီးကို ပြုစုပေးနေပါသေးတယ်။ မိစ္ဆာဝေဟင်မျှော်နန်းကိုပြန်မလာသေးပါဘူး။ သူ့ကို မော့လီဆန့်ကျင်ကြည့်မှာကို ကျွန်တော်စိုးရိမ်မိတယ်”

“သူပြန်အောင်လို့ ဖျောင်းဖျဖို့ နည်းလမ်းတစ်ခု တွေးလိုက်”

“ဒါပေမဲ့ ...”

“မင်းစကားတွေကို ပေါ့တန်တန်မတွေးနဲ့” စီးဝူယာ့က မျက်မှောင်ကျုံ့လိုက်သည်။ အချက်အလက် ချို့တဲ့နေစဉ် သူ၏အကဲဖြတ်မှုက တိကျမှာမဟုတ်ပေ။

ယဲ့ကျစ်ရှင်းက အရိုအသေပေးကာပြောလိုက်တော့သည်။ စတုတ္ထမင်းသားလျှိုပင်းက နန်းတော်ကို ရွှင်မြူးစွာ ပြန်သွားပါတယ်။ ဒုတိယမင်းသားက ကြိုဆိုတဲ့အနေနဲ့ ရူပေ့မှာ အမဲလိုက်ဖို့ သူ့ကို ဖိတ်ထားတယ်။ မယ်တော်ကြီးနဲ့ ပဉ္စမသခင်မလေးက ရူပေ့ကိုသွားမှာ ကျွန်တော် စိုးရိမ်မိတယ်။ ဧကရာဇ်က မယ်တော်ကြီးအပြင်ထွက်ပြီးလေကောင်းလေသန့်ရှူခွင့် ပေးထားပါတယ်”

ငါ့တပည့်တွေအကုန် ဗီလိန်တွေချည်းပဲ Book 2Where stories live. Discover now