အခန်း(၃၅၂) မင်းက လူမှားရွေးမိပြီ

853 131 1
                                    

အခန်း(၃၅၂) မင်းက လူမှားရွေးမိပြီ

လန်လော့က လက်မြှောက်ကာ တခြားသူများကို တိတ်တိတ်နေခိုင်းလိုက်သည်။

“ကျုပ် သူ့ကို ဒဏ်ရာရအောင် လုပ်ခဲ့တယ်ဆိုတော့ သူ ဝေးဝေးမရောက်နိုင်ဘူး ”

ဖန်လီထန်းက အေးဆေးလှသည်။ သူက သေရည်တစ်ငုံ သောက်လိုက်ရင်း  “ရှောင်အိုက် ဘာမှစိတ်ပူစရာမလိုဘူး။ သူ ထွက်ပြေးနိုင်မှာ မဟုတ်ဘူး”

“ဘယ်သူကို ရှောင်အိုက် ခေါ်နေတာလဲ။ ကျုပ်နာမည်က ကျန်းအိုက်ကျန့် ”

“ အဲဒီလူက တခြားမျိုးနွယ်တွေရဲ့ ကိုယ်ပျောက်တာအိုကို ကျင့်ကြံထားတာ ဖြစ်ရမယ်” လန်လော့က ပြောလိုက်သည်။

“ သူတို့ရဲ့ ရွှေရောင်ခေတ်တုန်းက တခြားမျိုးနွယ်စုဝင်တွေက တာ့ယန်ရဲ့ ကျင့်စဉ်တွေကို ကျင့်ကြံကြတယ်။ အဲဒီကျင့်စဉ်အမျိုးမျိုးကြားမှာ တခြားမျိုးနွယ်တွေက ကိုယ်ပျောက်တာအိုကို အထူးပြုထားတဲ့ လွတ်မြောက်ရေးနည်းစနစ်ကို ဖန်တီးနိုင်ခဲ့ကြတယ်”

“အဲလိုဆို သူ ထွက်ပြေးသွားပြီ မဟုတ်ဘူးလား” ကျန်းအိုက်ကျန့်က မျက်လုံးအပြူးသားဖြင့် မေးလိုက်သည်။ ထိုလူက သူ့ကို သတ်ဖို့ရောက်လာခြင်း ဖြစ်၏။ အခြားသူများက စိတ်အေးနေသော်လည်း ကျန်းအိုက်ကျန့်ကတော့ ထိုသို့မဟုတ်ချေ။

“ သူ မထွက်ပြေးနိုင်ပါဘူး …”ဖန်လီထန်းက ရယ်လိုက်ကာ  “ အဲဒီကြွက်စုတ်ကို ဘယ်သူအရင်ဖမ်းနိုင်မလဲ ကြည့်ကြတာပေါ့ ”

ဟွားဝူတောက်က ပြောလိုက်သည်။

“ အကြီးအကဲလန်က သူ့ကို ပြင်းပြင်းရိုက်လိုက်တာဆိုတော့ ပေတစ်ရာအမြင့် စိတ်ဝိညာဉ်သဏ္ဌာန်ရဲ့ ချီပေါက်ကွဲမှုအောက်မှာ သူ ဘယ်လိုလုပ် ချက်ချင်း ထွက်ပြေးနိုင်မှာလဲ။ ဒီလိုကြွက်စုတ်မျိုးကို ဖမ်းဖို့ ပျင်းစရာကောင်းတယ်” သို့သော် သူ့စကားနှင့် ကွဲပြားစွာ သူ့လျို့ဟယ်စည်းတံဆိပ်ကို ထုတ်ဖော်လိုက်ရင်း အဝေးတစ်နေရာသို့ ရောက်နေလေပြီ။

လန်လော့က လေထဲမှ ဟွားယွဲ့ရှင်းကို ကြည့်ကာ  “လေက မင်းပိုက်နက်ပဲ။ မင်းဆီ အပ်ခဲ့ပြီ ”

ငါ့တပည့်တွေအကုန် ဗီလိန်တွေချည်းပဲ Book 2Tahanan ng mga kuwento. Tumuklas ngayon