အခန်း(၃၈၄) ဘယ်နေရာမှာမှ ရှာမတွေ့နိုင်ဘူး

795 108 0
                                    

အခန်း(၃၈၄) ဘယ်နေရာမှာမှ ရှာမတွေ့နိုင်ဘူး

မင်ရှစ်ရင်က မျက်မှောင်ကြုတ်လိုက်သည်။ သူက လှည့်ကြည့်လိုက်သည့်အခါ ကျူးဟုန်ကုန်းက မြေပေါ် ဒူးထောက်နေလေ၏။

မဖြစ်သေးဘူး … ငါ လောင်ပါ့ကို ကောင်းကောင်းရိုက်နိုင်မဲ့ အချိန်ကို ရှာရမယ် …

“ စစ်ရှစ်ရှိုး၊ စန်းရှစ်ရှိုးကို ဂါရဝပြုပါတယ် .. အာ စစ်ရှစ်ရှိုးက မနေ့ကထက် ပိုခန့်လာတာပဲ”

ကျူးဟုန်ကုန်းက မင်ရှစ်ရင်နှင့် တွမ့်မူရှန်းကို နှုတ်ဆက်ရင်း ပြောလိုက်သည်။

မင်ရှစ်ရင်  “ …”

သူက ပြန်မဖြေဘဲ သူ့ဘာသာ တွေးလိုက်သည်။

‘ ဒီတစ်ခါတော့ မင်းကို ခွင့်လွှတ်ပေးလိုက်မယ် ’

ကျူးဟုန်ကုန်းက သူတို့ဆီ လျှောက်လာကာ “ရှစ်စွင်း … ကျွန်တော် တင်ပြစရာလေးရှိလို့ပါ”

“ပြော”

“ သစ္စာဖောက် စီးဝူယာ့ဆီကနေ စာတစ်စောင် ရထားပါတယ်။ သူက ကျွန်တော့်ကို အရင်လို ကြိုးကိုင်ခြယ်လှယ်လို့ ရမယ် ထင်နေတဲ့ပုံပဲ။ ကျွန်တော်က ရှစ်စွင်းရဲ့ သင်ကြားပြသမှုတွေအောက်မှာ ဉာဏ်ထက်လာပြီဆိုတာ သူ မသိဘူး …” ကျူးဟုန်ကုန်းက လုကျိုးကို ချီးမွမ်းဖို့ မမေ့ဘဲ ပြောလိုက်သည်။

“ လိုရင်းကို ပြောစမ်း”တွမ့်မူရှန်းက နယ်ရှင်လှံကို မြောက်ကာ ပြောလိုက်သည်။

ကျူးဟုန်ကုန်းက စာကို ဖွင့်လိုက်ကာ ဖတ်ပြလိုက်သည်။  “ ချစ်လှစွာသော ရှစ်စွင်းကို ဂါရဝပြုနှုတ်ဆက်လိုက်ပါတယ် … ”

တွမ့်မူရှန်းက ကျူးဟုန်ကုန်းဆီ ရောက်လာပြီး အင်္ကျီကနေ ဆွဲမလိုက်ပြီး “တော်သင့်ပြီ”

ကျူးဟုန်ကုန်းက မျက်ရည်များ စီးကျလာကာ  “ အဲဒါ စာထဲက ပြောထားတာပါ ”

“…”

“တော်တော့” လုကျိုးက မျက်မှောင်ကြုတ်လိုက်သည်။

တွမ့်မူရှန်းက ကျူးဟုန်ကုန်းကို လွတ်ပေးလိုက်သည်။

နှစ်ယောက်သား ချက်ချင်း ဒူးထောက်လိုက်ကြပြီး ရှစ်စွင်းက ဒေါသများ သူတို့ဆီ ပုံချမည်ကို စိုးရိမ်နေကြသည်။

ငါ့တပည့်တွေအကုန် ဗီလိန်တွေချည်းပဲ Book 2Where stories live. Discover now