အခန်း (၃၇၈) ပွင့်ချပ်ကိုးလွှာ နည်းလမ်း (အပိုင်း ၂)

829 117 2
                                    

အခန်း (၃၇၈)  ပွင့်ချပ်ကိုးလွှာ နည်းလမ်း (အပိုင်း ၂)

ဖန်လီထန်းနှင့် လန်လော့တို့က များစွာ တွေ့ဖူးကြုံဖူးထားကြသူများ ဖြစ်သော်လည်း ထိုအရာကို ကြားသည့်အခါ အံ့ဩမိနေကြဆဲ ဖြစ်၏။

ကျန်းအိုက်ကျန့်က ခြေမခိုင်ဘဲ ထိုင်ခုံပေါ် ထိုင်လိုက်ရသည်။

မင်ရှစ်ရင်က သူ့ရှစ်စွင်းကို ကြည့်လိုက်သည်။ သူ့မျက်ဝန်းထဲ တုန်လှုပ်အံ့အားသင့်မှုအပြည့် ဖြစ်နေသည်။

လန်လော့က တုန်တုန်ယင်ယင်ဖြင့် ပြောလိုက်သည် “မျှော်နန်းသခင် စစ်တုရင်ဆော့နေတုန်း အဖြေမြင်ခဲ့တာလား ”

လုကျိုးက မုတ်ဆိတ်သပ်လိုက်ပြီး ခေါင်းညိတ်ကာ  “ ယွင်ထျန်းလော့က ပွင့်ချပ်ကိုးလွှာ တက်လှမ်းတဲ့ သူ့နည်းလမ်းကို စစ်တုရင်ခုံထဲ ထည့်ပိတ်ထားတာ ”

သူ့တွင် နမူနာအကန့်အသတ်ရှိသော်လည်း လုကျိုးက အတိတ် ဗဟုသုတများနှင့် အတွေ့အကြုံများပေါ် မူတည်ပြီး ကိုယ်ပိုင် ကောက်ချက်ချနိုင်လေသည်။

“ ဒုက္ခရှုကွင်းမိုင်တစ်ရာအောက်က ရွှေကြာက ပွင့်ချပ်ကိုးလွှာအဆင့် တက်လှမ်းဖို့ ကျင့်ကြံသူတွေကို တားဆီးထားတာပဲ”

လေးယောက်သား ကြောင်အမ်းသွားကြသည်။ အချိန်တစ်ခုကြာသည့်အထိ သူတို့ ဘာပြန်ပြောရမှန်း မသိတော့ပေ။ အကြောင်းမှာ လုကျိုး၏ စကားက ကျင့်ကြံရေးလောက၏ အခြေခံအုတ်မြစ် ဗဟုသုတကို စိန်ခေါ်နေ၍ ဖြစ်သည်။ ကျင့်ကြံရေးလောကအတွင်း အားလုံးက ဒုက္ခရှုကွင်းမိုင်တစ်ရာ စိတ်ဝိညာဉ်သဏ္ဍာန်၏ ရွှေကြာကို ဖွဲ့စည်းနိုင်ဖို့ ကြိုးပမ်းကြသည်မှာ အခြေခံအသိ ဖြစ်ပေသည်။  ရွှေကြာဖြင့် သူတို့သည် ထိပ်တန်း ကျင့်ကြံသူများ ဖြစ်လာလိမ့်မည်။

လုကျိုးက ဖြည်းဖြည်းချင်း ပြောလိုက်သည်။  “ကျင့်ကြံသူတစ်ယောက်က ပွင့်ချပ်ရှစ်လွှာကနေ ကိုးလွှာကို တက်လှမ်းဖို့ ကြိုးပမ်းတဲ့အခါ ရွှေကြာက ကျင့်ကြံသူရဲ့ စွမ်းအားနဲ့ အသက်ကို စုပ်ယူသွားလိမ့်မယ် … အဲဒါက ကန့်သတ်ချက်နောက်ကွယ်က အမှန်တရားပဲ ”

ငါ့တပည့်တွေအကုန် ဗီလိန်တွေချည်းပဲ Book 2Where stories live. Discover now