အခန်း (၂၃၀) စီးဝူယာ့၏ နည်းလမ်း

1K 146 0
                                    

အခန်း (၂၃၀) စီးဝူယာ့၏ နည်းလမ်း

ယို့ဟုန်ယီက သူမဘာသာ လက်ညှိုးထိုးကာ နားမလည်နိုင်စွာ မေးလိုက်သည်။

“ကျွန်မလား ”

သူမက အတားအဆီးအလွှာထောင်ချီ နယ်နမိတ်အတွင်းမှ ထွက်လာကာ ဘေးပတ်လည်ကို ကြည့်လိုက်သည်။ သူမ ကြည့်လိုက်သည့်နေရာတိုင်း လုံးဝ ရှုပ်ပွနေပြီး ကျန်တောင်ထိပ် ခြောက်ခုလုံးမှ မီးခိုးများ ထွက်နေသည်။ ထိုအရာကို မြင်ပြီး သူမ၏ အမူအရာက မည်းမှောင်သွားလေသည်။ သူမက ဒဏ်ရာကို တောင့်ခံကာ လုကျိုးထံ လက်နှစ်ဖက်ယှက်လိုက်ရင်း   “လောင်ချန်းပေ့ … မေးပါ ”

“ မင်းက ကျင့်မင်တာအိုဂိုဏ်းရဲ့ လက်ရှိ အကြီးအကဲချုပ် ယို့ဟုန်ယီလား ”

“ ဟုတ်ပါတယ် ”

“ စောစောက မင်းနဲ့ တိုက်နေတဲ့လူက ငရဲဂိုဏ်းချုပ် ယွီကျန့်ဟိုင်လား” လုကျိုးက မေးလိုက်သည်။

ယို့ဟုန်ယီ မျက်နှာထက် ဒေါသထွက်သည့် အမူအရာပေါ်လာကာ “ ဟုတ်ပါတယ်။ သူ ပြာဖြစ်သွားရင်တောင် ကျွန်မ မှတ်မိတယ်။ ကျွန်မတို့ ဂိုဏ်းမှာ ဂိုဏ်းသားထောင်ချီ ရှိပေမဲ့ အခုတော့ ဘာမှမကျန်တော့ဘူး။ လောင်ချန်းပေ့ … ကျေးဇူးပြုပြီး ကျွန်မတို့အတွက် တရားမျှတမှုကို ရှာပေးပါ ”

“ ငါ့ကို တရားမျှတမှု ရှာပေးစေချင်တာလား” လုကျိုးက ရယ်ရမည်လား ငိုရမည်လား မသိတော့သော်လည်း သူ့အမူအရာက တည်ငြိမ်နေဆဲ ဖြစ်၏။

“ ကျွန်မတို့ဂိုဏ်းက ဒီအခြေအနေအထိ ဖြစ်သွားခဲ့ပါပြီ။ သိပ်မကြာခင် ဖြောင့်မတ်ခြင်းလမ်းစဉ်ပေါ်က တခြားဂိုဏ်းတွေလည်း ဒီလိုဖြစ်သွားမှာပဲ။ အဲဒီအချိန်ကျ နယ်မြေတစ်ခုလုံး ရုတ်ရင်းဆန်ခတ် ဖြစ်ပြီးတော့ လူတွေလည်း ဆိုးဆိုးရွားရွား နေကြရလိမ့်မယ်။ လောင်ချန်းပေ့က ငရဲဂိုဏ်းက မိစ္ဆာကို မောင်းထုတ်နိုင်တယ်ဆိုတော့ ကျွန်မတို့ကို ကျေးဇူးပြုပြီး ကူညီပေးပါ ” ယို့ဟုန်ယီက ဒူးထောက်ကာ အလေးအနက် ပြောလိုက်သည်။

အခြားလူများလည်း လုကျိုးထံ ဒူးထောက်လိုက်ကြသည်။

လုကျိုးက ကျင့်မင်တာအိုဂိုဏ်းကို အဆုံးသတ်သူ မဟုတ်သော်လည်း ယွီကျန့်ဟိုင်က သူ့တပည့် ဖြစ်လေသည်။ အကယ်၍ ယွီကျန့်ဟိုင်တစ်ယောက် ကျင့်မင်တာအိုဂိုဏ်းကို အဆုံးသတ်သည့် သတင်းသာ ပြန့်သွားခဲ့လျှင် ကျင့်ကြံရေးလောကက မိစ္ဆာဝေဟင်မျှော်နန်းအပေါ်သာ အပြစ်တင်ကြလိမ့်မည်။

ငါ့တပည့်တွေအကုန် ဗီလိန်တွေချည်းပဲ Book 2حيث تعيش القصص. اكتشف الآن