အခန်း (၂၁၀) အမည်မဲ့ သူတောင်းစားနှင့် ယွင်စန်း ပြန်ရောက်လာခြင်း

1.1K 138 0
                                    

အခန်း (၂၁၀) အမည်မဲ့ သူတောင်းစားနှင့် ယွင်စန်း ပြန်ရောက်လာခြင်း

ဟွားယွဲ့ရှင်းက လှည့်သွားလိုက်သည်။ သူမက မြေကြီးကို ကြည့်ရင်း ပြောလိုက်သည်။

“ ကျွန်မ ဘာကြောက်နေရမှာလဲ။ ကျွန်မလည်း သိပ်မကြာခင် အဲအထဲ ဝင်တော့မှာ ”

ထိုအရာကို ကြားပြီး သူတောင်းစားအိုကြီးက အနည်းငယ် အမူးပြေသွားသလို ဖြစ်သွားသည်။ သူက ပြုံးလိုက်ကာ  “ တစ်မိုးအောက်က လူတွေက မိစ္ဆာဝေဟင်မျှော်နန်းကို ကြောက်ကြတယ်။ သူတို့က အင်အားရှိသမျှ ဝေးဝေးနေရဖို့ … “ သူက ဆက်မပြောခင် လေချဉ်တက်ကာ  “အကုန်လုပ်ကြတယ် … မင်းက‌တော့ သူတို့ဆီ ဝင်ချင်တာတဲ့လား”

“ ကျွန်မအတွက် တာ့ယန်မှာ တခြားနေရာ မရှိဘူး ” ဟွားယွဲ့ရှင်းက ဆက်ပြောလိုက်ပြီး ခေါင်းခါကာ  “ ဒါကို ဘာလို့များ သူတောင်းစားတစ်ယောက်ဆီ ပြောပြမိနေပါ့လိမ့်။ ရှင်လည်း ရှင့်လမ်းရှင် သွားပါ … တောင်ပေါ်က လူတွေ ဆင်းလာပြီး ရှင့်ကို သတ်ကြရင် ကျွန်မ အပြစ်တင်မခံချင်ဘူးနော် ”

လူအိုကြီး၏ အမူအရာက မပြောင်းမလဲ ရှိနေဆဲ ဖြစ်၏။ သူက ဟွားယွဲ့ရှင်းနား လျှောက်လာကာ ဘေးတွင် ထိုင်လိုက်သည်။ သူက သေရည်ဘူးကို မကာ သောက်မည် ကြံလိုက်သော်လည်း ဗလာကျင်းနေလေပြီ။ သူက လက်ကျန် သေရည်စက်များကို လှုပ်သောက်လိုက်သည်။ သူက နှုတ်ခမ်းသပ်လိုက်ပြီးနောက် ဟွားယွဲ့ရှင်းကို လှည့်ကြည့်လာသည်။

“ မိန်းကလေး … မင်းက ကြင်နာတတ်တဲ့သူဆိုတော့ မင်းကို အကြံပေးလိုက်မယ်။ မင်းက မိစ္ဆာဝေဟင်မျှော်နန်းနဲ့ မကိုက်ညီဘူး ”

သူ့စကားအဆုံးတွင် လေချဉ်တက်လိုက်ပြန်သည်။ လေထဲ သေရည်နံ့တို့ ထောင်းခနဲ ထွက်လာ၏။

ဟွားယွဲ့ရှင်းက နှာခေါင်းအုပ်လိုက်ပြီး ဘေးဘက် မျက်နှာလွဲလိုက်သည်။ သူမက သူမဘာသာ တွေးလိုက်မိ၏။

ကျွန်မ မိစ္ဆာဝေဟင်မျှော်နန်း ဝင်တာ ရှင်နဲ့ ဘာဆိုင်လဲ …

သူတောင်းစားအိုကြီးက ပြုံးကာ  “ မိန်းကလေး ပြောပါဦး … ”

“ဘာကိုလဲ ”

ငါ့တပည့်တွေအကုန် ဗီလိန်တွေချည်းပဲ Book 2Where stories live. Discover now