အခန်း (၃၂၉) နောက်ဆုံးတိုက်ပွဲ

898 113 0
                                    

အခန်း (၃၂၉) နောက်ဆုံးတိုက်ပွဲ

မိစ္ဆာဘုရားကျောင်းမှ ကျန်သည့်သူများသည် လျင်မြန်စွာ လျှောက်လျက် လုကျိုးနောက် လိုက်သွားကြ၏။ သူတို့က မော့ကြည့်လိုက်ရာ ရထားလုံးပျံကို မြင်တွေ့သွားတော့သည်။

အနက်ရောင်ရထားလုံးပျံက သစ်ရွက်များကို ဖြတ်ကျော်လျက် ကျဉ်းမြောင်းသော စတုဂံတုံးတူနေသည်။ အစီအရင်သွေးကြော၏ ကျယ်ဝန်းစွာဖြန့်ကျက်ထားမှုက ကျင့်ကြံသူများက ရထားလုံးပျံ ရွေ့လျားရန် သူတို့က စွမ်းအားများပို့နိုင်ဖို့ရာ ဖြစ်သည်။ ရထားလုံးပျံ၏ အရွယ်အစား၊ သယ်ဆောင်နိုင်သည့် အရေအတွက်နှင့် ရင်သပ်ရှုမောဖွယ်ကောင်းပုံက မြင်တွေ့ရတာ ရှားသည်။

ကျန်သည့်သူများက ရပ်တန့်သွားပြီး ရထားလုံးပျံကို တအံ့တဩကြည့်ကြ၏။ ရထားလုံးပျံက ဖြည်းဖြည်းချင်း ဆင်းသက်လျက် တိမ်တိုက်တောအုပ်၌ ရပ်တန့်လိုက်လေ၏။

ထိုရထားလုံးပျံနှင့် ယှဉ်လျှင် မိစ္ဆာဘုရားကျောင်း၏ရထားလုံးပျံက ကလေးကစားစရာပမာ မထင်မရှား ဖြစ်နေတော့၏။

တွမ့်ရှင်းက ရထားလုံးပျံကို ကြည့်ပြီးပြောလိုက်သည်။

“ငရဲဂိုဏ်းက သမာသမတ်ဂိုဏ်းနဲ့ ကျင့်မင်တာအိုဂိုဏ်းကို စုပ်ယူခဲ့တယ်လို့ ကြားထားတာ သူ့ရဲ့အင်အားက အရင်ကထက် သန်မာလာပြီး နှစ်ဝက်မပြည့်မီမှာပဲ ငရဲဂိုဏ်းကို ဝင်တဲ့သူအရေအတွက်က နှစ်ဆကျော်လာတာ။ သူတို့တွေ ရထားလုံးပျံတစ်စင်း အသစ် ရလာလိမ့်မယ်လို့မထင်ထားဘူး” ယွီကျန့်ဟိုင်၏ ယခင် ရထားလုံးပျံသည် ပဒုမ္မာစင်မြင့်ထက်၌ ဖျက်ဆီးခံလိုက်ရမှန်း သူမသိပေ။

လုကျိုးက ရထားလုံးပျံကို တစ်ချက်မျှသာ ကြည့်ပြီးနောက် လက်နောက်ပစ်လျက် ဆက်လျှောက်သွား၏။ သူက တိမ်တောက်တောင်ထိပ်သို့ မလျှောက်သွားပေ။ ထိုအစား အပြင်ဖက်သို့ လျှောက်သွား၏။ ထိုနေရာ၌ ကျောက်ဆောင်များ၊ တစ်ဖက်တစ်ချက်စီတွင် ရှိနေသော သစ်ပင်ကြီးများ ရှိ၏။ ဤနေရာကား အပူဒဏ်ကို ရှောင်ရှားရန်အတွက် ပြီးပြည့်စုံသည့်နေရာ ဖြစ်သည်။ လုကျိုးက ပန်းခြံထဲ လမ်းလျှောက်နေသည့်ပမာ လျှောက်သွားတာ မြင်သည့်အခါ တွမ့်ရှင်းက ခေါင်းညိတ်လိုက်သည်။

ငါ့တပည့်တွေအကုန် ဗီလိန်တွေချည်းပဲ Book 2Where stories live. Discover now