အခန်း (၂၅၂) ကောင်းကင်ဓားဂိုဏ်း၏ ဝှက်ဖဲ

1K 149 1
                                    

အခန်း (၂၅၂)  ကောင်းကင်ဓားဂိုဏ်း၏ ဝှက်ဖဲ

ပဒုမ္မာစင်မြင့်ဝန်းကျင်ရှိ တိုင်လုံးကိုးခုမှ အနက်ရောင်ချိန်းကြိုးနှင့် တူသည့် စွမ်းအားများ ထွက်လာကာ ဧရာမ ပိုက်ကွန်ကြီးသဖွယ် ပြောင်းလဲသွားသည်။

“ပြေးကြ ”

“ ကောင်းကင်ဓားဂိုဏ်းက အရိုင်းအစိုင်းတွေပဲ ”

ကောင်းကင်ဓားဂိုဏ်းက မိစ္ဆာဝေဟင်မျှော်နန်းကို ဒီအထိ မျှားခေါ်လာရဲသည့်အတွက် ဝှက်ဖဲမရှိဘဲ နေမည် မဟုတ်ပေ။ သူတို့က လက်စားချေဖို့ အသက်ပင် စွန့်စားထားကြသည်။

ဤသည်မှာ လော့ရှင်းခုံ၏ အကြံအစည် ဖြစ်ပေသည်။ စတေးမှုက အောင်မြင်သွားသော်လည်း သေသည့်အထိ တိုက်ခိုက်ရခြင်းမှာ သူ မျှော်မှန်းထားသည်နှင့် အနည်းငယ်  ကွဲလွဲနေသည်။

ထိုစဉ် တိမ်ခွင်း ရထားလုံးပျံက စတင် ရွေ့လျားလာသည်။

“ မိစ္ဆာအိုကြီး … ခင်ဗျား ပြေးမလွတ်ပါဘူး ”

လူအုပ်ကြားမှ အသံတစ်သံ ထွက်လာသည်။

လုကျိုးက လက်မြောက်ကာ  “ ရပ်လိုက် ”

တိမ်ခွင်းရထားလုံးပျံက ရပ်တန့်သွားသည်။

တိုင်လုံးကိုးလုံးက နေရာကျယ်တစ်ခုလုံးကို ဖုံးလွှမ်းထားသည်။ မျှော်နန်းဆောင်အတွင်းနှင့် ပဒုမ္မာစင်မြင့်အထက်နှင့် စင်မြင့်အောက်တွင် မိုးမျှော်နေသည့် တိုင်လုံးများဖြင့် ကာရံထားသည်။ တခြားနည်းဖြင့်ဆိုရလျှင် အနက်ရောင် ပိုက်ကွန်က အားလုံးကို ဖမ်းဆီးထားဖို့ ဖြစ်၏။ ပွင့်ချပ်စင်မြင့်ပေါ်တွင် ရှိနေသည့် ပွဲကြည့်ပရိသတ်များလည်း ပါဝင်သည်။

ပဒုမ္မာစင်မြင့်အနား ပျံသန်းလာကြသည်။

အနက်ရောင် အငွေ့ ဖုံးလွှမ်းခံလိုက်ရသည့် ကျင့်ကြံသူများက သူတို့အနားမှ အားလုံးကို စတင်သတ်ဖြတ်တော့သည်။

လူများ၏ ကျင့်ကြံဆင့်က နိမ့်လွန်းသည့်အတွက် သူတို့ဘာသာ ကာကွယ်နိုင်စွမ်း မရှိကြပေ။

အနက်ရောင် ရုပ်သေးရုပ်များက နေရာအနှံ့ သောင်းကြမ်းကြသည်။

ငါ့တပည့်တွေအကုန် ဗီလိန်တွေချည်းပဲ Book 2Where stories live. Discover now