အခန်း (၂၃၂) ရှည်လျားလှသော ဘဝအတွက် လျို့ဝှက်ချက်

1K 143 0
                                    

အခန်း (၂၃၂) ရှည်လျားလှသော ဘဝအတွက် လျို့ဝှက်ချက်

ယွီကျန့်ဟိုင်က ရုတ်ခြည်း ဘယ်ဘက်လက်ဖြင့် ထိုးချလိုက်သည်။ လက်သီးပုံစံ စွမ်းအားလုံးက သူ့ရှေ့ရှိ သစ်ပင်ကြီးဆီ ထိုးဖောက်သွားသည်။ သူက လောင်မြိုက်နေသည့် စိတ်ခံစားချက်များကို ချိုးနှိမ်ကာ ပြောလိုက်သည်

“ ဘယ်လိုဖြစ်ဖြစ် ယို့ဟုန်ယီနဲ့ ကျင့်မင်တာအို သားတော်ခုနှစ်ယောက်က အခု အန္တရာယ်တစ်ခု မဟုတ်တော့ဘူး။ လက်ရှိ ကျင့်မင်တာအိုဂိုဏ်းက အမည်ပဲ ရှိတော့တယ်။ ငါတို့ ရည်ရွယ်ချက်ကို အောင်မြင်တယ် ပြောရမယ်။ ဒီကိစ္စကို ထပ်စဉ်းစားနေဖို့ မလိုတော့ဘူး။ ရှစ်တိ …ငါသာ မင်းအကူအညီကို မရခဲ့ရင် တောင်ထိပ်ခုနှစ်လုံးလုံး ဒီလိုအလွယ်လေး ဖြိုချနိုင်မှာ မဟုတ်ဘူး ”

စီးဝူယာ့က ချောင်းဆိုးလိုက်သည်။

ယွီကျန့်ဟိုင်က စီးဝူယာ့ကို လှည့်ကြည့်လိုက်သည့်အခါ ခေါင်းရှုပ်စွာ ပြောလိုက်သည်။

“ ချုပ်နှောင်ရေး မန္တန်၊ တိမ်ခွင်းရထားလုံးပျံ၊ ပိအန်း စီးတော်သားရဲ … ရှစ်စွင်းက အမြဲတမ်း အံ့ဩဖို့ကောင်းနေတုန်းပဲ။ ဒါပေမဲ့ သူ့အသက်အရွယ်နဲ့ ငါတို့ကိစ္စတွေမှာ ဘာလို့ ဝင်ရှုပ်နေတာလဲ”

သူက တည်တည်ငြိမ်ငြိမ် ပြောနေသော်လည်း နောက်ပိုင်းစကား၌ လေသံက ပြောင်းသွားလေသည်။  သူက စိတ်မပျော်ရွင်မှန်း သိသာလှသည်။

စီးဝူယာ့က ပြောလိုက်သည်။

“ လူအိုကြီးက ကျင့်ကြံရေးနည်းလမ်းပေါင်းစုံ သုံးပြီး သူ့သက်တမ်း ဆွဲဆန့်ဖို့ ကြိုးစားနေတာ ဖြစ်နိုင်တယ် ”

ထိုအရာကို ကြားပြီး ယွီကျန့်ဟိုင်က ဘယ်လက်လက်ကို ဆုပ်ထားလိုက်ပြီး  “သက်တမ်းကို ဆွဲဆန့်နိုင်တယ်ဆိုရင် အခုထိ ဘာလို့ ဘယ်သူမှ မအောင်မြင်သေးတာလဲ ”

ကျင့်ကြံရေးလောက တည်ရှိခဲ့သည်မှာ ကြာမြင့်လှလေပြီ။  ဟိုးစဉ်ကတည်းက ကောင်းကင်ဘုံ သွေဖယ်ချင်သည့် ပါရမီရှင်များစွာ ရှိခဲ့ဖူးသည်။ သို့သော်လည်း မဖြစ်နိုင်သည့် လုပ်ဆောင်ချက် ဖြစ်မှန်း သက်သေပြပြီးခဲ့လေပြီ။

ငါ့တပည့်တွေအကုန် ဗီလိန်တွေချည်းပဲ Book 2Where stories live. Discover now