အခန်း (၂၅၄) ရှစ်ရှိုးမှာ ရွေးချယ်စရာ မရှိဘူး

1K 157 0
                                    

အခန်း (၂၅၄) ရှစ်ရှိုးမှာ ရွေးချယ်စရာ မရှိဘူး

ဝုန်း ဝုန်း ဝုန်း …

ရထားလုံးပျံက ကျိုးကြေသံများ ထွက်လာကာ အက်ကြောင်းလည်း ကြီးမားလာသည်။

နဂါးပြာခန်းမသခင် ဟွားချုံးယန်က ကိုယ်တိုင် ပဲ့ထိန်းလိုက်သည်။ သူက ချွေးအေးများ မထွက်ဘဲ မနေနိုင်တော့ပေ။

အရည်အချင်း ပြည့်မှီသည့် အိမ်ထောင်ရှင်မပင်  မီးဖိုလွတ်တစ်လုံးကြောင့် ဒုက္ခရောက်တတ်သည် မဟုတ်ပါလော။

သူက ပဲ့ထိန်းမည်မျှကျွမ်းကျင်နေစေကာမူ ရထားလုံးပျံ ပျက်စီးသွားပါက ဘာမှမတတ်နိုင်တော့ပေ။ သူက ရွေးချယ်စရာ မရှိဘဲ အရှိန်လျော့လိုက်ရသည်။ သူက ချုပ်တည်းမထားတော့ဘဲ ပြောလိုက်သည်။

“ ဂိုဏ်းချုပ် … ရထားလုံးပျံက မရတော့ဘူး ”

“ပါးစပ်ပိတ်ထား ” ယွီကျန့်ဟိုင်၏ အမူအရာက တင်းမာနေဆဲ ဖြစ်၏။ သူတို့က ရထားလုံးပျံ တစစီ ဖြစ်သွားလျှင်ပင် ထွက်ပြေးလွတ်မြောက်ရမည်။ သူ့စိတ်ထဲ အပြာရောင် ကြာပန်းအကြောင်း တွေးမိသည့်အခါ တုန်လှုပ်လာရသည်။ သူက နားမလည်နိုင် ဖြစ်နေမိ၏။

သူ့ရှစ်စွင်းက ဒီအသက်အရွယ်မှာ ဘာလို့ အားကောင်းနေသေးတာလဲ …

မည်သို့ပင်ဆိုစေကာမူ ထွက်ပြေး၍ မမှားပေ။

ဟွားချုံးယန်က သတ္တိမွေးကာ ထပ်ပြောလိုက်သည်  “ ကျွန်တော် ပြောချင်တာက အခု ရထားလုံးပျံရဲ့ အရှိန်နဲ့ ကိုယ့်ဘာသာ ပျံသန်းတာ ပိုကောင်းမယ်တူတယ်  …”

“ ဟမ် ” ယွီကျန့်ဟိုင်က မတ်တတ်ရပ်လိုက်သည်။ သူက ပဲ့ထိန်းနေရာဆီ လျှောက်လာပြီး ငုံ့ကြည့်လိုက်၏။

ရထားလုံးပျံက ယိုင်တိုင်တိုင်ဖြင့် နှေးကွေးစွာ ဆက်သွားနေသည်။

ဒါက သေမျိုးတစ်ယောက် မြေပေါ် ပြေးနေတာနဲ့ ဘာကွာသေးလို့လဲ … ကိုယ့်ဘာသာ ပျံသန်းတာ ကောင်းတယ်

ယွီကျန့်ဟိုင်က လက်နောက်ပစ်လျက် ပြောလိုက်သည်။

“ ရထားလုံးပျံကို ထားခဲ့တော့”

ငါ့တပည့်တွေအကုန် ဗီလိန်တွေချည်းပဲ Book 2Donde viven las historias. Descúbrelo ahora