အခန်း (၃၃၉) မလိုအပ်သော ပလွှားမှု
တွမ့်မူရှန်းသည် ယှဉ်ပြိုင်တတ်သော သဘာဝရှိ၏။ အနိုင်ရရန်သူ၏စိတ်ဆန္ဒပြင်းပြမှုက ယွီရှန်းရုန်နှင့် ယွီကျန့်ဟိုင်ထက် ပိုပြီး ကြီးမားပေသည်။ ယွီရှန်းရုန်၏ စကားများက သူ့ကို ရန်စသွားတာပဲ ဖြစ်သည်။ သူက ဒေါသတကြီးဖြင့် နယ်ရှင်လှံကို လက်နှစ်ဖက်ဖြင့် ဆုပ်ကိုင်လိုက်ကာ မြေကြီးပေါ်ကနေ တွန်းထုတ်လိုက်ပြီး လေထဲ ခုန်တက်လိုက်၏။ သူ၏နယ်ရှင်လှံက အသက်ဝင်လာသည့်ပမာ ထင်မှတ်ရပြီး သူက လှံကို ဝှေ့ယမ်းလိုက်တော့သည်။ ယင်းက အထင်ကြီးဖွယ်ကောင်းသော မြင်ကွင်းတစ်ခု ဖြစ်၏။
ယွီရှန်းရုန်က ရှောင်တိမ်းပြီး နောက်ဆုတ်လိုက်၏။
ဝှစ် ဝှစ် ဝှစ်..
လှံထိပ်ဖျားသည် ယွီရှန်းရုန်ရှေ့ လက်မဝက်မျှ အကွာသို့ ကျရောက်လာသည်။
တွမ့်မုရှန်းက နယ်ရှင်လှံကို ကြမ်းတမ်းစွာ ဝေ့ယမ်းနေ၏။ လှံအရိပ်များက စတင်ပေါ်ပေါက်လာတော့သည်။
ကျန်သည့်သူများက အံ့ဩကုန်ကြ၏။ တွမ့်မူရှန်းသည် သူ့ခွန်အားတစ်ခုတည်းဖြင့် နယ်ရှင်လှံကို ထိုမျှအရှိန်ဖြင့် ကိုင်ဆောင်ထားနိုင်စွမ်းရှိသည်။ သူသည် ရေအောက်၌ လေ့ကျင့်မှုကနေ အတော်လေး တိုးတက်လာ၏။ ကျန်သည့်သူများက ချီးကျူးမှုများ ပြည့်နေတော့သည်။
နယ်ရှင်လှံလှုပ်ရှားတာက ပိုတောင် မြန်ဆန်လာ၏။ ၎င်း၏ နောက်ချန်ပုံရိပ်များက စတင်ထပ်လာတော့သည်။ ဟွားဝူတောက်က ခေါင်းညိတ်လိုက်သည်။
“ဒါက နယ်ရှင်လှံရဲ့ နတ်ဒေဝါထိပ်သီးကျင့်စဉ် ပူလောင်စက်ကွင်း ရိုက်ချက်တစ်ရာပဲ။ လှံအရိပ်တစ်ရာကို တစ်ခုတည်း စုစည်းတယ်။ သူ့ကနဦးချီနဲ့ အဲဒါကို သုံးနိုင်ခဲ့ရင် လျှို့ဟယ်တာအိုစည်းတံဆိပ်ရဲ့ သင်္ကေတလေးခုကို ဖောက်ထွက်နိုင်လိမ့်မယ်”
“အကြီးအကဲဟွားက တကယ်ပဲ ဗဟုသုတနဲ့ ပြည့်စုံပါပေတယ်။ ကျွန်တော် ဉာဏ်အလင်းပွင့်သွားပြီ”
ဟွားဝူတောက်သည် ထိုစကားလုံးများကြောင့် စိတ်ရှုပ်ထွေးသွားလေ၏။ ယင်းမှာ သူ ဗဟုသုတရှိမရှိက မည်သို့ သက်ဆိုင်သနည်း။ သူသည် ပူလောင်စက်ကွင်းရိုက်ချက်တစ်ရာကို မျက်မြင်တွေ့ရသည့် အချိန်ကို သူ မရေတွက်နိုင်တော့ပေ။ အချိန်အတိုင်းအတာတစ်ခုအတွက် သူ အိပ်ပျော်နေစဉ် နယ်ရှင်လှံ၏ အရိပ်များကိုတောင် အိပ်မက်မက်ခဲ့သေးသည်။ အဆုံးတွင် သူက ပြောလိုက်၏။
ВЫ ЧИТАЕТЕ
ငါ့တပည့်တွေအကုန် ဗီလိန်တွေချည်းပဲ Book 2
Юморအကျဉ်းချုပ် လုကျိုးက ကမ္ဘာလောကကြီးရဲ့ အသန်မာဆုံးနဲ့ သက်တမ်းအရင့်ဆုံး မိစ္ဆာဂိုဏ်းချုပ်ဖြစ်ဖို့ နိုးထလာပြီး သူ့မှာ ဆိုးယုတ်မှုတွေ ပြည့်နေတဲ့ နာမည်ဆိုးနဲ့ ကျော်စောတဲ့ တပည့် ကိုးယောက်ရှိနေတာကို သိလိုက်ရတယ်။ သူ့အကြီးဆုံးတပည့်က ဂိုဏ်းသားထောင်ကျော်ရှိတဲ့...