အခန်း (၂၈၀) သက်ကြီးရွယ်အိုကို ဦးစားပေးခြင်း

884 131 0
                                    

အခန်း (၂၈၀) သက်ကြီးရွယ်အိုကို ဦးစားပေးခြင်း

ကျန်းအိုက်ကျန့်က သူ့ပတ်လည်ကို ကြည့်လိုက်ရင်း အနီးကပ်လာပြီးနောက် အလျင်စလို ပြောလိုက်သည်။

“ မယ်တော်ကြီးက ဖျားနားနေတာ။ ပြောကြတာတော့ ဗလာ ကောင်းကင်ကျမ်းစာလိပ်က သူမကို ကုသပေးနိုင်တယ်တဲ့လေ … အဲဒါကြောင့် သူမက အရင်ဧကရာဇ်ဆီ တစ်ခုပေးထားပေမဲ့ အသုံးမပြုခဲ့ရဘူး။ နောက်ပိုင်းကျ စာလိပ်ကို အရင်ဧကရာဇ်နဲ့အတူတူ မြှပ်နှံထားတာ ….”

ရှောင်ယွမ်အာက ထိုအကြောင်းကြားလိုက်ရသည့်အခါ ပြောလိုက်သည်။

“ အဲဆိုတော့ ရှစ်စွင်းအတွက် ရှင်က အလောင်းပြန်ဖော်ချင်နေတာလား”

“ဘာတွေပြောနေတာလဲ … ငါက အဲလိုဟာတွေ မလုပ်ပါဘူး။ ငါက ဒီကို နတ်ဆိုးဓား လာရှာတာ”

ကျန်းအိုက်ကျန့်က ပြောလိုက်သည်။

“နတ်ဆိုးဓားလား ”

“ ဓားသင်္ချိုင်းက တော်ဝင်သင်္ချိုင်းနားမှာ ရှိတာလေ။ တည်နေရာက ယင်ယန်ပေါကြွယ်ဝတော့ ဓားကောင်းလေးတွေ ရှိမှာ အသေအချာပဲ။ ဒီလိုအခွင့်ကောင်းမျိုးမှာ ဓားရူးသုံးယောက်ထဲက တစ်ယောက်အနေနဲ့ ငါက မသွားလို့ မဖြစ်ဘူးလေ … မိန်းကလေး ငါ့ကို စိုက်ကြည့်မနေပါနဲ့ ”

ကျန်းအိုက်ကျန့်က ပြောလိုက်သည်။

လုကျိုးက မေးလိုက်သည်။

“ တခြားလူတွေကရော တော်ဝင်သင်္ချိုင်းကို တူးကြတာပဲလား”

ကျန်းအိုက်ကျန့်က လက်ခါကာ  “ ဓားသင်္ချိုင်းနဲ့ တော်ဝင်သင်္ချိုင်းက မတူဘူး။ ခရမ်းနေတောင်က တောင်ပိုင်းမှာ ယန်သဘာဝရှိပြီးတော့ မြောက်ပိုင်းမှာ ယင်သဘာဝရှိတယ်။ အဲဒါက မိုင်အတော်အတန် နေရာယူထားတယ်ဆိုပေမဲ့ တစ်ခုနဲ့တစ်ခု ပတ်သက်နေတာမျိုး မရှိဘူး”

သူက စကားပြောရပ်လိုက်သည်။ သူက လောင်ချန်းပေ့သည် သူ့ထက် ဗဟုသုတကြွယ်ဝကြောင်း ရုတ်ခြည်း အမှတ်ရသွားကာ သူ့ကိုယ်သူ အရူးဖြစ်သွားသလို ခံစားလိုက်ရသည်။

လုကျိုးက ကျန်းအိုက်ကျန့်အား ကြည့်လိုက်ကာ  “ အမှန်ပဲ … တည်နေရာနှစ်ခုလုံးက မတူပေမဲ့ နှစ်ခုလုံးက ခရမ်းနေတောင်ပေါ်မှာပဲ။ ကြည့်ရတာ သူတို့ ဆက်နွယ်နေတာ ကြာမြင့်နေတာ ဖြစ်နိုင်တယ်။ မင်း ဒီမှာပဲ ရပ်နေတော့မှာလား ”

ငါ့တပည့်တွေအကုန် ဗီလိန်တွေချည်းပဲ Book 2Donde viven las historias. Descúbrelo ahora