အခန်း (၃၁၄) လောင်ပါ့ရဲ့ ကျင့်စဉ်ကို ပြည့်စုံစေခြင်း

937 119 0
                                    

အခန်း (၃၁၄)  လောင်ပါ့ရဲ့ ကျင့်စဉ်ကို ပြည့်စုံစေခြင်း

လီယွင်ကျောက်က ကျောင်းယွဲ့ကို မယ်တော်ကြီးနှင့် တွေ့ဖို့ နန်းတော်ဆီ ခေါ်လာခဲ့သူ ဖြစ်၏။ ထို့အပြင် သူက ကျောင်းယွဲ့ ဘေးကင်းရမည်ဟု အာမခံ ပေးထားခဲ့သေးသည်။ လုကျိုးအနေနှင့် သူ့ကို စိတ်ချလိုက်သည်မှာ ပုံမှန်သာ ဖြစ်၏။ သို့သော်လည်း တော်ဝင်မြို့တော်မှာ တော်ဝင်မြို့တော်သာ ဖြစ်သည်။ လီယွင်ကျောက်နှင့် မယ်တော်ကြီး ရှိနေလျှင် ပြဿနာကြီးကြီးမားမား မရှိသင့်ပေ။

“မော့လီက ဒုတိယမင်းသား အင်အားစုဘက်ကပဲ။ ဒုတိယမင်းသား လျိုဟွမ်က ဘယ်လိုလူမျိုးလဲ”

လုကျိုးက မေးလိုက်သည်။

ချင်ကျွင်းက အရိုးသားဆုံး ပြန်ဖြေလိုက်သည်။

“ ဒုတိယမင်းသားက ရေရှည်ကြည့်တတ်ပြီးတော့ စိတ်ရှည်တဲ့သူပါ။ သူက ရည်မှန်းချက် မအောင်မြင်မချင်း ရပ်တန့်မဲ့သူတော့ မဟုတ်ဘူး  ”

လုကျိုးက ချင်ကျွင်းကို ကြည့်ကာ မေးလိုက်သည်။

“ အဲဒါ ဒုတိယမင်းသားအပေါ် မင်းရဲ့ သုံးသပ်ချက်လား”

ချင်ကျွင်းက အရာရှိတစ်ယောက် ဖြစ်လေသည်။ သူ့အနေနှင့် တော်ဝင်မိသားစုဝင် တစ်ယောက်အကြောင်း သည်လိုမျိုး ပြောဖို့ အလှည့်အပြောင်းဖြစ်ဟန်ပေါ်သည်။

ချင်ကျွင်းက သက်ပြင်းချလိုက်ကာ “ အစပိုင်းမှာ အရှင်မင်းမြတ်မှာ အမွေဆက်ခံသူ ဆယ်ယောက်ရှိတယ်။ အကြောင်းအရင်းအမျိုးမျိုးကြောင့်ငါးယောက်ပဲ ကျန်တော့တယ်။ အခုလက်ရှိ အိမ်ရှေ့စံ ပထမမင်းသား လျိုကျစ်က သူ့ဆီ ဘာမှမဖြစ်ခဲ့ရင်တော့ ပလ္လင်ကို  ဆက်ခံရလောက်တယ် …”

ထို့နောက် သူက ဆက်ပြောလိုက်သည်။

“ဒါပေမဲ့ အိမ်ရှေ့စံက ရူပေ့က အလေ့အကျင့်တွေကို စွဲလမ်းနေပြီးတော့ သူ့ဘာသာ မထိန်းချုပ်နိုင်ဘူး။ သူက နန်းတော်မှာ အခြားမျိုးနွယ်က အကမယ်တွေကို ခေါ်ပြီး ဖျော်ဖြေခိုင်းခဲ့သေးတယ်။ ဧကရာဇ်က အဲဒီအကြောင်း သိသွားတော့ ဒေါသူပုန်ထသွားရော … အဲဒါကြောင့် သူက အမည်ခံ အိမ်ရှေ့စံပဲ ရှိတာ။ ဒုတိယမင်းသား လျိုဟွမ်ကျ ထူးခြားတဲ့ စွမ်းဆောင်ရည်တွေရှိပြီး ဆုံးဖြတ်ချက် ပြတ်သားတယ်။ ဒါပေမဲ့ သူက ရက်စက်ပြီးတော့ လှည့်ကွက်အများကြီးပဲ။ တတိယမင်းသား လျိုချန်းကို ဧကရာဇ်က မျက်နှာသာအပေးဆုံးပဲ။ သူ အိမ်ရှေ့စံ ဖြစ်လာမယ်လို့တောင် ထင်ထားကြတာ။ ဒါပေမဲ့ သူက ကံဆိုးသွားတယ်။ ကျင်းဟယ်နန်းတော်မှာ တစ်ရက်ကျ မီးလောင်ခဲ့တယ်။ အဲဒီမှာ လူအယောက်တစ်ထောင် မီးထဲပါသွားပြီးတော့ တတိယမင်းသားလည်း ပျောက်သွားခဲ့တယ်။

ငါ့တပည့်တွေအကုန် ဗီလိန်တွေချည်းပဲ Book 2Donde viven las historias. Descúbrelo ahora