အခန်း(၃၅၀) အသက်ရှည်မှု လမ်းစဉ် ရှာဖွေကြသူများ

922 137 1
                                    

အခန်း(၃၅၀) အသက်ရှည်မှု လမ်းစဉ် ရှာဖွေကြသူများ

လုကျိုးက မုတ်ဆိတ်သပ်ကာ တိတ်ဆိတ်နေသည်။ လွန်ခဲ့သည့် နှစ်များစွာက ကျိထျန်းတောက်သည် ယခင်ဧကရာဇ်ဟောင်းနှင့် မယ်တော်ကြီးတို့ကို တွေ့ဆုံခဲ့သည်။ သူတို့က အရွယ်ကောင်းတွင် ရှိကြသေး၏။ ကိစ္စများနှင့် လူများက အချိန်နှင့်လိုက်၍ ပြောင်းလဲတတ်ကြလေသည်။ သူက မယ်တော်ကြီးသည် သူ့ကို မှတ်မိဖို့ မျှော်လင့်မထားပေ။

သူမက အမြင်အာရုံချို့တဲ့ပြီး အသက်အရွယ် ရနေပြီလို့ ဘယ်သူက ပြောခဲ့တာလဲ … ဒါပေမဲ့ ဒါက အရေးမကြီးပေ။

လုကျိုးက လက်ဝေ့လိုက်ပြီး  “ ဒီမှာ မဆိုင်တဲ့လူတွေ ထွက်သွားတော့ ”

အခြားလူများက ဖြစ်စဉ်ကို စောင့်ကြည့်ချင်ကြသော်လည်း ထွက်သွားရုံမှအပ ရွေးချယ်စရာ မရှိပေ။

လီယွင်ကျောက်၊ တော်ဝင်သမားတော်နှင့် ကျန်းလျန်တို့က ထွက်မသွားပေ။ ကျန်းအိုက်ကျန့်နှင့် ကျောင်းယွဲ့တို့လည်း ခန်းမကျယ်ထဲ ဆက်ရှိနေကြသည်။

လုကျိုးက မယ်တော်ကြီးကို ကြည့်လိုက်သည်။ ထူးခြားအံ့ဖွယ်စွမ်းအားကြောင့် သူ့စိတ်အခြေအနေနှင့် အမြင်စွမ်းရည်တို့က ယခင်ထက် ပိုကောင်းလာသလို ခံစားလိုက်ရသည်။ သူက မယ်တော်ကြီး ခန္ဓာကိုယ်မှ ထွက်နေသည့် ခရမ်းဖျော့ အငွေ့များကို မြင်နေရသည်။ ထိုအရာက အမှန်တကယ် စုန်းအတတ် ဖြစ်၏။ အသက်ခြိမ်းခြောက်ဖွယ် မန္တန်မျိုး မဟုတ်သော်လည်း အိပ်ပျော်ဖို့ အခက်အတွေ့စေကာ ပူပင်မှုကို ဖြစ်စေသည့်အရာမျိုး ဖြစ်သည်။ ပါမာနှင့် မော့လီတို့က မယ်တော်ကြီးကို မထိရဲကြဟန်ပေါ်သည်။ ဤသည်က သူတို့၏ လှည့်ကွက်အပြင် မပိုပေ။

လီယွင်ကျောက်က လုကျိုး တိတ်ဆိတ်နေသည်ကို မြင်သည့်အခါ မေးလိုက်သည်။  “ ဆရာကြီး  … အခြေအနေက ဘယ်လိုလဲ ”

တော်ဝင်သမားတော်ကလည်း ဘေးနားတွင် တုန်တုန်ယင်ယင်ဖြင့် ရပ်နေသည်။ သူက နန်းတော်တွင် နေခဲ့သည့် တစ်လျှောက်လုံး ဒီလိုအခြေအနေမျိုးနှင့် မကြုံဖူးပေ။ သူ့ရှေ့မှ လူအိုကြီးကို ဘယ်လိုလုပ် မကြောက်ဘဲ နေမည်နည်း။ မည်သို့ပင်ဆိုစေကာမူ သူက တုန်တုန်ယင်ယင်ဖြင့် ပြန်ဖြေလိုက်သည်။

ငါ့တပည့်တွေအကုန် ဗီလိန်တွေချည်းပဲ Book 2Où les histoires vivent. Découvrez maintenant