အခန်း (၂၂၁) စနိုးစနှောင့်ဖြစ်ချင်ယောင်ဆောင်ဖို့အခွင့်အရေးမရှိ

1.2K 136 1
                                    

အခန်း (၂၂၁) စနိုးစနှောင့်ဖြစ်ချင်ယောင်ဆောင်ဖို့အခွင့်အရေးမရှိ

လန်လော့သည် သူ၏ခွန်အားကို ဂုဏ်ယူဝင့်ကြွားသည့်သူဖြစ်သော်ငြား ယခုအချိန်တွင် သူ၏ကျင့်ကြံဆင့်က ပြန်မကောင်းသေးပေ။ သူကအောက်ဆင်းပြီး ရှိချန်းသဲ့ရှီးဥယျာဉ်၏ အစီအရင်ကို မစမ်းသပ်နိုင်ချေ။ ဖန်လီထန်းက ပိုတောင်ဆိုးချေ၏။

လူတိုင်းက လုကျိုးနောက်ထပ်ဘာလုပ်မည်ကို စောင့်စားနေကြစဉ်...

ဝေါင်း

ရှိချန်းသဲ့ရှီးရေအိုင်နားတစ်ဝိုက်တောအုပ်ထဲမှ ဟိန်းသံတစ်သံပေါ်ထွက်လာ၏။

အားလုံး၏အာရုံစိုက်မှုကို ထိုဟိန်းသံက ရသွားတော့သည်။

“ပီအန်း”

ပီအန်းသည် လုကျိုး၏စီးတော် သားရဲများထဲမှတစ်ကောင်ဖြစ်သည်။ ရှောင်ယွမ်အာနှင့်တွမ့်မူရှန်းက ထိုမြင်ကွင်းကိုမြင်တွေ့နေကြဖြစ်၏။ ထို့ကြောင့် သူတို့သည် ကျင့်ကြံသူများဆီသို့တိုးဝင်သွားသော ပီအန်းကို မြင်သည့်အချိန်၌ မထိတ်လန့်သွားကြပေ။

ဆန့်ကျင်ဖက်အနေဖြင့် လန်လော့နှင့် ဖန်လီထန်းတို့က ထိတ်လန့်ပြီး အံ့ဩသင့်နေလေ၏။ နှစ်ယောက်လုံးက မိစ္ဆာအိုကြီးများဖြစ်ရာ အဆင့်အတန်းမြင့်မားသော အစွမ်းထက်သည့် ကျင့်ကြံသူများ ဖြစ်ကြသည်။ သူတို့ဘဝ၌ စီးတော်သားရဲများစွာကို ရှာဖွေခဲ့၏။ သူတို့က အံ့ဖွယ် စီးတော်သားရဲတစ်ကောင်တောင် ရခဲ့ဖူးသည်။ စီမြူတောအုပ်အတွင်းရှိ ရှာတွေ့ထားသည့် တောရိုင်းကောင်များက စီးတော်သားရဲများအဖြစ် အသုံးပြုရန် မသင့်တော်သည့် သားရဲများသာ ဖြစ်သည်။ သူတို့ကို ယဉ်ပါးအောင်ပြုလုပ်နိုင် လျှင်တောင် သူတို့က မြင်းလှည်းများ၊ ရထားလုံးများကို ဆွဲရန်အတွက် ရက်စက်ကြမ်းကြုတ်သော သားရဲများအဖြစ်သာ အသုံးပြုနိုင်သည်။ ထိုအကြောင်းအရင်းကြောင့် ရှားပါးသည့် ဒဏ္ဍာရီလာ စီးတော်သားရဲကို မြင်တွေ့သည့်အချိန်၌ သူတို့တုန်လှုပ်သွားကြသည်။

ရွှီး

လုကျိုးက နက်ရှိုင်းသည့်အသံဖြင့်အမိန့်ပေးလိုက်သည်။ “သူ့ကိုရှာ”

ငါ့တပည့်တွေအကုန် ဗီလိန်တွေချည်းပဲ Book 2Where stories live. Discover now