အခန်း (၂၁၉) ရှိချန်းသဲ့ရှီးကန်၊ မိစ္ဆာဝေဟင်မျှော်နန်း၏ လူတစ်ယောက် (ခ)
နှစ်နာရီကြာသွား၏။ ဥယျာဉ်ထဲရှိ ရှိချန်းသဲ့ရှီးရေအိုင်ထဲတွင်ဖြစ်သည်။ကျင့်မင်တာအိုဂိုဏ်း၏ဒုဂိုဏ်းချုပ်မော့ချီက မြေပြင်၍ တင်ပလ္လင်ချိတ်ခွေထိုင်နေသည်။ သူက အလွန်နွမ်းနယ်ပုံရနေ၏။ သူ့မျက်နှာပေါ်ရှိရင့်ရော်မှုက သူ့ကို အသက်ကြီးပုံပေါ်စေ၏။ ကနဦးချီဖျော့ဖျော့က သူ့နား၌ရစ်ဝဲနေသည်။ ကနဦးချီများကို ခဏတာသွင်းပြီးနောက် မျက်လုံးဖွင့်လိုက် တော့သည်။
“ဘယ်သူလဲ” တံခါးဝ၌ တပည့်တစ်ယောက်ပေါ်လာ၏။ မော့ချီကမေးလိုက်တော့သည်။
“ဖန်ကျုံးအဖမ်းခံရပြီးပြီလား”
“အဲ့ဒီ သစ္စာဖောက်ဖန်ကျုံးက သိပ်ကိုကောက်ကျစ်လွန်းတယ်။ သူ့ကို အချိန်အတော်ကြာ လိုက်ခဲ့ပေမဲ့ ဖမ်းမမိခဲ့ဘူး။ ဒါ့အပြင် ငရဲဂိုဏ်းကလည်းရှိနေတာ။ ကျွန်တော်တို့ ဧရိယာကို အဆင်အခြင်မဲ့ မရှာရဲပါဘူး”
မော့ချီ၏မျက်နှာ၌ ဒေါသအရိပ်အယောင်များပေါ်လာသည်။ “ယွီကျန့်ဟိုင် မင်းက တကယ်အနိုင်ကျင့်လွန်းတာပဲ”
အန်းရန်မြို့ထဲပုန်ကန်နေစဉ် ငရဲဂိုဏ်းပေါ်ပေါက်လာမှုက အစီအစဉ်ကို ဖျက်ဆီးခဲ့၏။ သူက အငိုက်မိသွားစဉ် ယွီကျန့်ဟိုင်က ကျင့်မင်တာအိုဂိုဏ်းကို တိုက်ခိုက်တော့သည်။ ကျင့်မင်တာအို ဂိုဏ်း၏ တောင်ထွတ်ခုနစ်လုံးဖျက်ဆီးခံခဲ့ရသည်။ သူမအပ ဂိုဏ်းရှိကျန်သည့်သူများက လူတစ်ဒါဇင်သို့မဟုတ် ကျန်သည့်တပည့်များသာ ကျန်ခဲ့တော့သည်။
“ဒေါသထိန်းပါ ဂိုဏ်းချုပ်။ သခင်မမော့လီက ရှိချန်းသဲ့ရှီးရေအိုင်နားမှာ အစီအရင်တစ်ခု ချထားပါတယ်။ ယွီကျန့်ဟိုင်က အရည်အချင်းဘယ်လောက်ပဲရှိရှိဒီနေရာကို အဆင်အခြင်မရှိ မလာရဲပါဘူး။ ဒါ့အပြင် ငရဲဂိုဏ်းက ကျွန်တော်တို့ဒီနေရာကို ထွက်ပြေးလာခဲ့တယ်ဆိုတာ မသိသေးဘူး” တပည့်က အရိုအသေပေးလျက်ပြောလိုက်သည်။
မော့ချီက သက်ပြင်းချပြီးခေါင်းခါကပြောလိုက်တော့သည်။ “နန်းတော်က စာများ ရောက်လာသေးလား” “သခင်မမော့လီက အလှည့်အပြောင်းတစ်ခုမကြာခင်ဖြစ်လာလိမ့်မယ်လို့ ပြောတယ်။ အရှင်မင်းသားက နန်းတော်ထဲမှာ ရေအိုင်ထဲက ငါးတစ်ကောင်လိုပါပဲ”
KAMU SEDANG MEMBACA
ငါ့တပည့်တွေအကုန် ဗီလိန်တွေချည်းပဲ Book 2
Humorအကျဉ်းချုပ် လုကျိုးက ကမ္ဘာလောကကြီးရဲ့ အသန်မာဆုံးနဲ့ သက်တမ်းအရင့်ဆုံး မိစ္ဆာဂိုဏ်းချုပ်ဖြစ်ဖို့ နိုးထလာပြီး သူ့မှာ ဆိုးယုတ်မှုတွေ ပြည့်နေတဲ့ နာမည်ဆိုးနဲ့ ကျော်စောတဲ့ တပည့် ကိုးယောက်ရှိနေတာကို သိလိုက်ရတယ်။ သူ့အကြီးဆုံးတပည့်က ဂိုဏ်းသားထောင်ကျော်ရှိတဲ့...