အခန်း (၃၀၄) တာ့ရှစ်ရှိုးရဲ့ ရည်မှန်းချက်

1K 121 0
                                    

အခန်း (၃၀၄) တာ့ရှစ်ရှိုးရဲ့ ရည်မှန်းချက်

အခြားသူများလည်း အံ့ဩကုန်ကြသည်။ သူတို့က ဖြစ်နိုင်ခြေအမျိုးမျိုးကို တွေးထားကြသော်လည်း ယဲ့ထျန်းရှင်း ဖြစ်လိမ့်မည်ဟု မထင်ထားကြပေ။ ယဲ့ထျန်းရှင်းက မိစ္ဆာဝေဟင်မျှော်နန်းကနေ ထွက်သွားစဉ်က သူမ ကျင့်ကြံဆင့် တစ်ပိုင်းတစသာ ပြန်ကောင်းသေးသည်။ သူမအတွက် အသက်ရှင်လျက်ထိန်းထားနိုင်ဖို့ပင် ခက်လှသည်။ သူမက အချိန်တိုအတွင်း ကျင့်ကြံဆင့် မည်သို့ပြန်ကောင်းသွားသနည်း။

တွမ့်မူရှန်းက လက်နှစ်ဖက်ယှက်ကာ  “ ရှစ်စွင်း တံခါးပိတ် လေ့ကျင့်နေတုန်း ကြွက်ငါးကောင် ကိစ္စ ဖြစ်သွားတာပါ။ ကျွန်တော်တို့လည်း ရှစ်စွင်းကို မနှောင့်ယှက်ရဲတော့ … ”

“ကောင်းပြီ ” လုကျိုးက ကောင်းကင်ကျမ်းကို လေ့လာဆင်ခြင်နေစဉ် လတ်တလော သီးသန့်လေ့ကျင့်မှုက ကွဲပြားလေသည်။ အကယ်၍ သူသာ နှောင့်ယှက်ခံလိုက်ရလျှင် နိုးထလာနိုင်မည် မဟုတ်လောက်ပေ။

ဟွားဝူတောက်က ပြောလိုက်သည်။  “ ယဲ့ထျန်းရှင်းက အစကတည်းက မိစ္ဆာဝေဟင်မျှော်နန်း တပည့်တစ်ယောက်ပါ။ သူမကို နှင်ထုတ်ထားတယ်ဆိုပေမဲ့ အလွန်ဆုံး သူမက ပြန်လမ်းရှာတွေ့ထားတဲ့ သိုးငယ်လေးလိုပါပဲ ”

လန်လော့က သက်ပြင်းချကာ “ အဲဒါ သတိလက်လွတ်ဖြစ်ပြီး မော့လီ လှည့်ကွက်ထဲ ရောက်သွားတဲ့ ကျုပ်အမှားပါ … ကျုပ် သူမ ထိန်းချုပ်တာတောင် ခံလိုက်ရတယ် ”

အခြားလူများက လန်လော့အား တအံ့တဩ ကြည့်လိုက်ကြသည်။ သူတို့က ပေနက်လွှာမှ ထိပ်ဆုံးလူသည် သူ့အတိတ်အပြုအမူများကို ပြန်လည်သုံးသပ်လိမ့်မည်ဟု မထင်ထားကြပေ။ ဤသည်မှာ ရှားပါးမြင်ကွင်း ဖြစ်၏။ သို့သော်လည်း ဒီအတွက် လန်လော့ကို အပြည့်အဝ အပြစ်တင်၍ မရပေ။ ဒဏ္ဍာရီလာ မျိုးနွယ် သို့မဟုတ် ပိုင်လူမျိုးကို သတ်ဖြတ်သူက တပ်မဟာသုံးခု၏ ခေါင်းဆောင် ဝေ့ကျိုးယန် ဖြစ်သည်။ ဝေ့ကျိုးယန်အစစ်က သေဆုံးသွားလေပြီ။ ကြိုးကိုင်သူ မော့လီက နန်းတော်အတွင်း ပုန်းအောင်းနေလေသည်။ သူမက လန်လော့၏ ရန်သူ ဖြစ်၏။

ငါ့တပည့်တွေအကုန် ဗီလိန်တွေချည်းပဲ Book 2Onde histórias criam vida. Descubra agora