အခန်း (၂၀၄) အင်အားက အရေအတွက်ပေါ် မမူတည်ဘူး (က)

1.1K 129 0
                                    

အခန်း (၂၀၄) အင်အားက အရေအတွက်ပေါ် မမူတည်ဘူး (က)

ကျင့်ကြံသူများက ကောင်းကင်အပိုင်းအစနှင့် ပတ်သက်၍ ဆွေးနွေးနေကြသည်။

မိစ္ဆာဝေဟင်မျှော်နန်းက ကောင်းကင်အပိုင်းအစများကို မြေကမ္ဘာအဆင့်ဖြစ်၍ စိတ်ထဲ မထားလောက်ပေ။ သူတို့က လက်နက်ပင် မဟုတ်ချေ။ ယွင်စန်းက ထိုအရာများ ရလာခြင်းမှာ ကျိထျန်းတောက်က လွှင့်ပစ်ခဲ့၍ ဖြစ်၏။

သို့သော်လည်း တခြားသူများအတွက် ကောင်းကင်အပိုင်းအစက အင်မတန် အဖိုးတန်လေသည်။ သူတို့က လက်နက် မဟုတ်သော်လည်း လက်နက် ထုဆစ်ရာ၌ ထူးချွန်ပြောင်မြောက်လှ၏၊ နှစ်သန်းချီ ရေခဲသံမဏိမှ ထုဆစ်ထားသည့် လက်နက်ပင် ကောင်းကင်အပိုင်းအစမှ ထုဆစ်ထားသည့် လက်နက်နှင့် မယှဉ်နိုင်ပေ။ ထို့အပြင် အားလုံးက စွမ်းအားဖြတ်နိုင်သည့် စွမ်းရည်ကို လိုချင်တပ်မက်နေကြ၏။

သို့သော်လည်း ထုဆစ်ခြင်း လုပ်ငန်းစဉ်က များပြားလှသည်။ ထို့ကြောင့် ဘီလုံးငှက် မျှော်စင်အောက်ရှိ ကျင့်ကြံသူများက ကောင်းကင်အပိုင်းအစကို တခြားတစ်ခုခုနှင့် လဲလှယ်ဖို့ ရောင်းချကြသည်။

လုကျိုးက ကျန်းအိုက်ကျ့န်ကို ကြည့်လိုက်သည်။

ကျန်းအိုက်ကျန့်က တုန်ယင်သွားပြီး  “ ကောင်းပြီလေ … ကျွန်တော် တမင်လုပ်လိုက်တာ”

သူက ရှေ့ရှိ ကျင့်ကြံသူအုပ်စုကို လက်ညိုးထိုးပြရင်း   “ သူတို့မှာ အရေအတွက်ရှိတယ်။ ဘီလုံးငှက် မျှော်စင်ရဲ့ အစီအရင်ကိုးသွယ်က အားသုံးဖြေရှင်းလို့ မရဘူး ”

မင်ရှစ်ရင်က ပြုံးကာ “ အဲဆို သူတို့ ထိပ်ဆုံးရောက်သွားပြီး ကောင်းကင်အပိုင်းအစ ရသွားတဲ့အခါမှ သူတို့ကို သတ်ပြီး ကောင်းကင်အပိုင်းအစကို ယူကြမယ်လို့ ပြောချင်တာလား ”

“ စတုတ္ထသခင်လေးက တကယ်ကို ဉာဏ်ပြေးတာပဲ” ကျန်းအိုက်ကျန့်က မင်ရှစ်ရင်အား လက်မထောင်ပြလိုက်သည်။

မင်ရှစ်ရင်က ချီးကျူးမှုကို လက်မခံပေ။ ထို့အစား သူက မေးလိုက်သည်  “ ထိပ်ဆုံးမှာ ကောင်းကင်အပိုင်းအစ ရမယ်ဆိုတာ ဘယ်လိုသိလဲ ”

ငါ့တပည့်တွေအကုန် ဗီလိန်တွေချည်းပဲ Book 2Where stories live. Discover now