အခန်း (၂၉၀) တိုက်ပွဲတစ်ခု၏ ကတိကဝတ်

938 149 0
                                    

အခန်း (၂၉၀) တိုက်ပွဲတစ်ခု၏ ကတိကဝတ်

အနက်ရောင် ခေါင်းတလားက လေထဲ မျောလွင့်နေကာ မလှုပ်ပေ။

“အစ်ကိုကျိကို ဒီမှာတွေ့ရမယ် မထင်ထားမိဘူး ”

လုကျိုးက ထပ်မေးလိုက်သည်။

“ အဆုံးသတ်ခုနှစ်ပါး အစီအရင်နဲ့ နတ်ဆိုးဓားက မင်း လက်ချက်လား ”

“ အစီအရင်တွေနဲ့ ပတ်သက်ပြီး ဘာမှမသိပါဘူး” အခြားနည်းဖြင့်ဆိုရလျှင် ကုန်းယွမ်တုက နတ်ဆိုးဓားကို ထားခဲ့ပြီး ဂူ တည်ဆောက်ခဲ့သူ ဖြစ်၏။

“ ဒီနှစ်တွေမှာ ခေါင်းတလားထဲ နေပြီး အသိအမြင်အသစ်တွေ ရလာရဲ့လား”

ကုန်းယွမ်တုက သက်ပြင်းချကာ  “ ငါ့ဓားအရည်အချင်းတော့ တိုးတက်လာပေမဲ့ ကျင့်ကြံဆင့် ကန့်သတ်ချက် ရှိနေတုန်းပဲ။ ငါ သူတို့ကို အပြည့်အဝ ထုတ်မသုံးနိင်ဘူး။ အခု အစ်ကိုကျိရဲ့ ပြိုင်ဘက် ဖြစ်မလားတော့ မသေချာဘူး ”

ကုန်းယွမ်တုနှင့် လုကျိုးတို့က ပြိုင်ဘက်ကင်း ထိပ်တန်းအဆင့် ကျင့်ကြံသူများ ဖြစ်ကြသည်။ ကုန်းယွမ်တုသာလျှင် သူက လုကျိုးကို မည်မျှအနိုင်လိုချင်နေကြောင်း သိပေမည်။

“ ငါ့ကို အဲလောက်တောင် အနိုင်လိုချင်နေတာလား ”

“မင်းကို အနိုင်လိုချင်တာ ငါ တစ်ယောက်တည်း မဟုတ်ဘူး ” ကုန်းယွမ်တုက ပြန်လည်ချေပလိုက်သည်။

“ကောင်းပြီလေ ”

အဖြေက ရှင်းလင်းလှသည်။ မိစ္ဆာဝေဟင်မျှော်နန်းမှ ရတနာများကို လုယူကာ မိစ္ဆာအိုကြီးကို သတ်ချင်နေချင်ကြသည့်သူ ဒုနှင့်ဒေး ရှိလေသည်။

ထိုစဉ် လုကျိုးနှင့် ခေါင်းတလားထဲရှိ ကုန်းယွမ်တုတို့က ပြိုင်ဘက်ဟောင်းတွေ ဖြစ်ကြောင်း အားလုံးက သိသွားကြသည်။ ပုံမှန်အားဖြင့် သူတို့က ဝါစဉ်ကြီးနှစ်ယောက်ကြား စကားဝိုင်းကို ဝင်ရှုပ်ဖို့ နေရာမရှိကြောင်း သိထားလေသည်။

ခေါင်းတလားထဲမှ အသံထွက်လာပြန်သည်။

“ ငါ သိချင်နေတာ … မိစ္ဆာဝေဟင်မျှော်နန်းရဲ့ ဆရာကြီးက ဓားသင်္ချိုင်းမှာ ဘာလာလုပ်နေတာလဲ။ ငါ့နတ်ဆိုးဓားကြောင့် ရောက်လာတာလား။ မင်းဆီမှာ ငါနဲ့ ယှဉ်နိုင်တာတွေ အများကြီးရှိပြီးသားကို ”

ငါ့တပည့်တွေအကုန် ဗီလိန်တွေချည်းပဲ Book 2Donde viven las historias. Descúbrelo ahora