အခန်း (၃၄၉) အံ့ဖွယ်မြို့တော်မှ လာရောက်လည်ပတ်သူများ
ယွီရှန်းရုန်က သက်တော်ရှည်ဓားကိုဖိချလိုက်၏။ သူ့ဖာသာသူရေရွတ်ပြောလိုက်တော့သည်။
“တာ့ရှစ်ရှိုးနဲ့ တိုက်ပွဲပြီးတဲ့နောက် သီးသန့်နေတော့မယ်လို့ပြောခဲ့တာပဲ ဘာကြောင့်များ ဒါမျိုးလုပ်ဖို့ ဖိအားပေးခံရတာလဲ”
သူ၏ရှစ်စွင်း ထွက်သွားသည့်ဘက်ကို ကြည့်ပြီး သက်ပြင်းသဲ့သဲ့ချလိုက်လေ၏။
“ကျန်ရှိတဲ့အသက်စွမ်းရည် ဒါမပါဘဲ ငါလုပ်နိုင်တယ်။ ငါသေတဲ့အချိန် မင်းလည်းမြှုပ်နှံခံရမှာပဲ”
ယွီရှန်းရုန်က သက်တော်ရှည်ဓားကိုမြှောက်ကိုင်လိုက်ပြီး ကျန်ရှိသည့် အသက်စွမ်းအင်ကို တိုင်းတာလိုက်၏။ ဓားသွားက အနီရောင်အလင်းရှိနေ၏။ သို့သော်ငြား ကံဆိုးသည်မှာ ယခင်ကထက် ပိုမှိန်ဖျော့သွားသည်။ ယွီရှန်းရုန်က ပြန်လည်သုံးသပ်ရေးဂူအတွင်းသို့ ပြန်သွားလိုက်၏။ သူက တင်ပျဉ်ခွေချိတ်ထိုင်လိုက်ပြီး မန္တန်ကို ချိုးဖျက်ရန်မကြိုးစားတော့ပေ။
သုံးရက်ကြာသွားပြီးနောက် အံ့ဖွယ်မြို့တော်က ရထားလုံးပျံတစ်စင်းက ထွက်ခွာလာ၏။ လူသားများနေထိုင်သည့်နေရာကိုရှောင်ကွင်းသွားတော့သည်။ ၎င်းက မိစ္ဆာဝေဟင်မျှော်နန်းကို ဦးတည်သွားတာပဲဖြစ်သည်။
………………….
ရထားလုံးပျံပေါ်တွင်ဖြစ်သည်။
ဘုရင့်မယ်တော်ကြီးဘေးတွင် ရပ်နေသော လီယွင်ကျောက်က ပြောလိုက်လေ၏။
“မယ်တော်ကြီး စိတ်မပူပါနဲ့ ... ဒါမတိုင်ခင်တုန်းက မိစ္ဆာဝေဟင်မျှော်နန်းသခင်နဲ့ အဆက်အသွယ် လုပ်ဖူးပါတယ်။ သူက အကြောင်းရင်းမရှိဘဲ လူသတ်သတ်တဲ့ လူဆိုးတစ်ယောက်မဟုတ်ပါဘူး။ ဒါ့အပြင် မင်းသမီးကျောင်းယွဲ့က သူ့ရဲ့တပည့်ပါ သူက ကောလာဟလတွေအတိုင်း ဆိုးယုတ်နေမယ်ဆိုရင် မင်းသမီးကျောင်းယွဲ့က မိစ္ဆာဝေဟင်မျှော်နန်းကို ဒီလောက်လွယ်လင့်တကူ ဘယ်တော့မှ ပြန်သွားမှာမဟုတ်ပါဘူး”
အံ့ဖွယ်မြို့တော်ကို အဆုံးသတ်ဆယ်ပါးအစီအရင်က ကာကွယ်ပေးထား၏။ ပြဿနာရှာချင်သည့် ကျင့်ကြံသူများက အံ့ဖွယ်မြို့တော်ထဲ မဝင်တော့ပေ။
YOU ARE READING
ငါ့တပည့်တွေအကုန် ဗီလိန်တွေချည်းပဲ Book 2
Humorအကျဉ်းချုပ် လုကျိုးက ကမ္ဘာလောကကြီးရဲ့ အသန်မာဆုံးနဲ့ သက်တမ်းအရင့်ဆုံး မိစ္ဆာဂိုဏ်းချုပ်ဖြစ်ဖို့ နိုးထလာပြီး သူ့မှာ ဆိုးယုတ်မှုတွေ ပြည့်နေတဲ့ နာမည်ဆိုးနဲ့ ကျော်စောတဲ့ တပည့် ကိုးယောက်ရှိနေတာကို သိလိုက်ရတယ်။ သူ့အကြီးဆုံးတပည့်က ဂိုဏ်းသားထောင်ကျော်ရှိတဲ့...