အခန်း (၂၁၆) ကျင့်စဉ်ဖောက်ပြန်ခြင်း (ခ)

1.1K 136 0
                                    

အခန်း (၂၁၆) ကျင့်စဉ်ဖောက်ပြန်ခြင်း (ခ)
မိစ္ဆာဝေဟင်မျှော်နန်း အပြင်ဘက်၌ …

အမျိုးသမီးကျင့်ကြံသူများက လျှို့ဝှက်ခန်းရှိရာဆီ ပါးစပ်ဟောင်းလောင်းဖြင့် ကြည့်နေကြသည်။ သူတို့က အဝေးတွင် ရပ်နေသော်လည်း လျှို့ဝှက်ခန်းအထက် ကောင်းကင်ယံဆီ အပြာရောင်အလင်းများ တောက်ပလာသည်ကို တွေ့နိုင်ပေသည်။

ပျင်းရိနေသည့် ဖန်လီထန်းပင် “မိုက်မဲလိုက်တာ” ဆိုသည့် အော်သံကြောင့် အာရုံစိုက်လာမိသည်။ သူက ထူးထူးဆန်းဆန်း မြင်ကွင်းအား လှည့်ကြည့်လိုက်၏။ ထိုအရာကို မြင်ကာ မျက်လုံးအပြူးသား ဖြစ်မိသွားသည်။

“သူက ကျရှုံးသွားတာလား ဒါမှမဟုတ် အဆင့်တက်သွားတာလား ”

အံ့ဩမှုကြောင့် သူ့လက်ထဲမှ သေရည်ခရားပင် လွတ်ကျသွားသည်။ သေရည်ခရားက  မြေပေါ် လိမ့်သွားပြီးနောက် ဖိတ်စင်သွားတော့သည်။ သူက အသိပြန်ဝင်လာသည့်အခါ ခေါင်းခါလိုက်ပြီး  “အဲဒါ ငါနဲ့ ဘာဆိုင်လို့လဲ ”

ထိုစဉ် လေးယောက်သား လွင့်စဉ်သွားစဉ် အပြာရောင် စွမ်းအားက လျှို့ဝှက်ခန်းကို ဖျက်ဆီးပစ်လိုက်သည်။ ကျောက်နံရံများက အက်ကွဲလာကာ အမှုန့်ဖြစ်သွားတော့သည်။

ဟွားဝူတောက်က အာရုံပြန်စိုက်ထားပြီး လေထဲ ခြေငြိမ်အောင် ထိန်းထားသည်။ သူက ချီများကို ဖိနှိပ်ကာ ချီများကို စွမ်းအားအဖြစ် ဖွဲ့စည်းလိုက်သည်။ သူ့အနားတွင် သင်္ကေတခြောက်ခု ပြန်လင်းလက်ကာ နေရာအနှံ့ လွင့်စဉ်လာသည့် အပျက်အစီးများကို ကာပေးထား၏။

ရှောင်ယွမ်အာ၏ နိဗာနခါးစည်းက သူမပတ်လည်တွင် နဂါးတစ်ကောင် ကခုန်နေသလိုမျိုး ရစ်ပတ်ထားသည်။

ဟွားဝူတောက်၏ အကြည့်များက မယုံနိုင်မှုများအပြည့် ဖြစ်နေသည်။ သူက ကျန်သုံးယောက်နှင့် ယှဉ်လိုက်လျှင် လက်ခံဖို့ ခက်ခဲနေသည်။

သူက ကာကွယ်ရေး တာအိုကို နှစ်နှစ်ဆယ်ကြာ လေ့လာခဲ့ပြီး မဟာနည်းစနစ်ကိုပင် ခံနိုင်ရည်ရှိကြောင်း သိထားသည်။

သူက မိစ္ဆာဝေဟင်မျှော်နန်းဆီ လာကာ လွန်ခဲ့သည့် နှစ်များစွာက သူ့ရင်ဘတ်ထဲမှ ကြိုးထုံး ဖြေနိုင်ဖို့အထိ ယုံကြည်ချက်အပြည့် ရှိခဲ့သည်။ သူ့လျို့ဟယ်စည်းတံဆိပ်က မိုးကြိုးချက် တစ်ချက်ပင် ခံနိုင်ရည် မရှိဘဲ နေလိမ့်မည်ဟု မထင်ထားခဲ့ပေ။ သူက ရှုံးနိမ့်သွားခဲ့သော်လည်း အရှုံးကို လက်မခံနိုင်သေးပေ။

ငါ့တပည့်တွေအကုန် ဗီလိန်တွေချည်းပဲ Book 2Where stories live. Discover now